DVB Logo
Home
မြန်မာသတင်း
တော်လှန်လူငယ်ရဲဘော်တဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၈၄ နှစ်ထိရှိလာ
DVB
·
April 29, 2023
တော်လှန်လူငယ်ရဲဘော်တဦးကို စစ်ကောင်စီက ထောင် ၁၀ နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၈၄ နှစ်ထိရှိလာ
Donate to DVB

တော်လှန်လူငယ်ရဲဘော်တယောက်ဖြစ်တဲ့ ကိုဗညားစိုးထက်ကို အကြမ်းဖက်စစ်ကောင်စီက ထောင် ၁၀ နှစ် မတရား ထပ်မံချမှတ်လိုက်တာကြောင့် သူ့ကို ချမှတ်ထားတဲ့ စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ထိရှိလာပြီလို့ Yangon Revolution Force – YRF က ပြောပါတယ်။

ဒီပြစ်ဒဏ်တွေဟာ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ထားခံရမှုတွေထဲက တခုဖြစ်ပြီးတော့ ရဲဘော် ဗညားစိုးထက်ဟာ ဒီမတိုင်ခင်ကတည်းက ထောင်ဒဏ် ၇၄ နှစ်ချမှတ်ထားခံရပြီးဖြစ်တယ်လို့ ဆိုပါတယ်။

Yangon Revolution Force – YRF ကတော့ မြေပြင်တော်လှန်ရေးအဖွဲ့တဖွဲ့အနေနဲ့ အ ကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ကာ ရှေ့တန်းကနေ ရရာနည်းလမ်းနဲ့ တော်လှန်ကမ်ပိန်း တွေ၊ မြေပြင်လူထုသပိတ်လှုပ်ရှားမှုတွေနဲ့ စဉ်ဆက်မပြတ် လှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တဘက်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့် ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဘယ်သူ့ကိုမဆို မတရားပုဒ်မတပ် ဖမ်းဆီးအ ရေးယူတာ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းကနေ ဒီကနေ့အထိ အကျဉ်းထောင်တွေမှာ ၁၇,၇၂၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၇၂၄ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေ အေပီပီ) က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၁ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ် ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံ ထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013