DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ်က စစ်ရှောင်များ အကူအညီလိုအပ်နေ
DVB
·
April 29, 2023
အထက်မင်းလှမြို့နယ်က စစ်ရှောင်များ အကူအညီလိုအပ်နေ
Donate to DVB

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်က အရှိုချင်းရွာတရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာ ၅ ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၃ ကြောင်း ခွဲပြီးတော့ ဧပြီ ၂၀ ရက်ကစပြီး ပုသိမ်-မုံရွာလမ်း အနောက်ဘက် လက်ပံတံခါးကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနဲ့ မင်းတုန်း မြို့နယ်ဘက် တိုင်တား သရက်ချဉ်ရွာကနေ လာခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေမှာ တပ်မ ၈၈ နဲ့ ကပစ ၂၊ ၁၀ နဲ့ ၁၃ အထိုင်ထုတ်လုပ်ရေး တပ်သားတွေအပြင် ရေတပ်၊ ရဲ တို့ကနေ ထုတ်နုတ်လာတာလို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“ရေရင်ရွာကို ဧပြီ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက်ကနေ  မီးရှို့ခဲ့တာပါ။ တောင်ပေါ်ဒေသဆိုတော့ ဆက်သွယ်ရေးပိုင်း အဆင်မပြေလို့ သတင်းမြန်မြန်မရတာပါ။ စစ်ဘေးရှောင်တွေအနေနဲ့က လက်ရှိတောတောင်တွေထဲမှာပဲ ကြုံသလိုနေ နေရတုန်းပါ။ ထပ်ပြီးစစ်ကြောင်းထိုးလာမှာ ပြည်သူတွေကြောက်တဲ့အတွက် ရွာထဲ မဝင်ရဲကြပါဘူး မီးဘေးသင့်ရွာအတွက်လည်း အလှူရှင်တွေလိုအပ်နေပါတယ်” လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။

စစ်ကြောင်းသတင်းရကတည်းက ဒေသခံတွေဟာ ရွာတွေထဲမနေဘဲ အကုန်ထွက်ပြေး ခဲ့ကြတဲ့အတွက် လူတွေတော့ဘေးကင်းတယ်လို့လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လက်ရှိတော်လှန်ရေးမှာပါဝင်နေသူ ဒေါက်တာရဲထွန်းဇော်က ရေရင်ရွာဟာ အရှိုချင်းရွာဖြစ်ပြီး မီးရှို့ခံရပြီးနောက် အိမ်တလုံးပဲ ကျန်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

စစ်ကြောင်းထိုးလာတာကြောင့် အထက်မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်အစပ်၊ အ‌နောက်ရိုးမတောင်ပေါ်နေ အရှိုချင်းရွာက ရွာသူရွာသား ၃၀၀ လောက်ဟာလည်း စစ်ဘေးရှောင်တွေအဖြစ် ဘေးလွတ်ရာပုန်းအောင်းတိမ်းရှောင်နေရတယ်လို့ သူက ဆိုပါတယ်။

ရေရင်ရွာ၊ ရဖုံရွာ၊ တောင်ဖီလာ၊ ချောင်းသာနဲ့ ကျောက်စည်ရွာတို့ဖြစ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၊ ကိုရင်နဲ့ သီလရင်တွေလည်း စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကတော့ ဧပြီ ၂၆ ရက်နေ့မှာ မင်းတုန်းမြို့နယ်ဘက်ကို ထွက်သွားတယ်လို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013