DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှတွင် NLD ပါတီ မြို့နယ်အမှုဆောင် ၁ ဦး အပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
April 8, 2023
အထက်မင်းလှတွင် NLD ပါတီ မြို့နယ်အမှုဆောင် ၁ ဦး အပါအဝင် ၅ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

မကွေးတိုင်း မင်းလှမြို့နယ်မှာ ဧပြီ ၈ ရက် မနက်က NLD ပါတီမြို့နယ် အလုပ်အမှုဆောင် ၁ ယောက်အပါဝင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာက NLD မြို့နယ်မှုဆောင် တယောက်အပါဝင် ပါတီ ထောက်ခံဝန်းရံ သူ ၅ ယောက်ကို ဒီနေ့ မနက် ၈ နာရီလောက်မှာ ကပစ (၁၀) က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားကြတယ်လို့ မင်းလှမြို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီကုန်ကြီးရွာနားက စစ်ကောင်စီရဲ့ အမှတ် (၁၀) ကပစ စက်ရုံကို ဧပြီ ၇ ရက်ညမှာ PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးကာ စက်ရုံအဆောက်ဦတွေ မီးလောင်တာ မြင်တွေ့ရပြီး အဲဒီဖြစ်စဥ်နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မြို့နယ်အလုပ်အမှုဆောင် ဦးဘုန်းဆွေ၊ ပါတီဝင်တွေဖြစ်တဲ့ ဦးချစ်ဆွေ၊ ဦးလှသိန်း၊ ကိုဇော်ကြီးနဲ့ နောက်ထပ် တယောက်ကို ဖမ်းဆီးသွားကြတာလို့ ဒေသခံက ပြောပါတယ်။

“လက်ရှိအခြေနေမှာ သူတို့ ၅ ယောက်ကို ဘယ်ကိုခေါ်သွားတယ်ဆိုတာ အတိကျမသိရသေးလို့ ဆက်လက် စုံစမ်းနေတယ်။ အဲဒီ ကပစ ၁၀ ထဲကိုတော့ အပြင်ကလူကိုလည်း တပ်တွင်းထဲကို ဝင်ခွင့်မပြုသလို တပ်ထဲကလူတွေကိုလည်း အပြင်ထွက်ခွင့် ပိတ်ပင်ထားတယ်။”

ဒါ့အပြင် မင်းလှမြို့ မြို့ဝင်မြို့ထွက်ဂိတ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေက ပိတ်ဆို့ စစ်ဆေးနေသလို စက်သုံးဆီ အရောင်းဆိုင်တွေကိုလည်း ရောင်းချခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

အထက်မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့အမှတ် (၁၀) ကပစ စက်ရုံဟာ ဧပြီ ၇ ရက်နေ့ ညမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီး အဆောက်အအုံ မီးလောင်ပျက်စီးကာ သေဆုံးဒဏ်ရာ ရသူရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013