DVB Logo
Home
မြန်မာသတင်း
မင်္ဂလာ‌တောင်ညွန့်တွင် မိသားစုဝင် ၄ ဦး ချွေးထွက်လွန်ပြီး သတိလစ်မူးလဲ
DVB
·
April 28, 2023
မင်္ဂလာ‌တောင်ညွန့်တွင် မိသားစုဝင် ၄ ဦး ချွေးထွက်လွန်ပြီး သတိလစ်မူးလဲ
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ မဟာဘောဂလမ်းက တိုက်ခန်းတခုမှာ ဧပြီ ၂၈ ရက် နေ့လယ် ၂ နာရီလောက်က လျှပ်စစ်မီးပြတ်ပြီး ရာသီဥတု ပူပြင်းတဲ့အတွက် မိသားစုဝင် ၄ ဦး ချွေးထွက်လွန်ပြီး သတိလစ် မူးလဲခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

တိုက်ခန်းအနီး နေထိုင်သူတဦးက “ကူညီကြပါဦးဆိုပြီး တိုက်ခန်းအဝကနေ အမျိုးသမီးတယောက် အော်သံကြားလို့ ထွက်ကြည့်တာ အခန်းထဲကလူတွေ အကုန် ချွေးတွေထွက်ပြီး သတိလစ်နေကြတယ်။ အော်တဲ့အမျိုးသမီးလည်း ခဏနေတော့ မူးလဲသွားတာ” လို့ ပြောပါတယ်။

တိုက်ခန်းအတွင်း သတိလစ်မူးလဲခဲ့တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၄၀ အရွယ် အမျိုးသမီးကြီး ၁ ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ ၇ နှစ်သမီးအရွယ် ကလေး ၁ ဦးတို့ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်စရာမရှိတော့ဘူးလို့ လောကဟိတဝဟ (ကျီတော်) လူမှုကူညီရေးအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း အပူချိန်မြင့်တက်နေမှုနဲ့အတူ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်တာတွေကြောင့် သတိလစ် မူးလဲပြီး အသက်သေဆုံးတာတွေ ဖြစ်ပေါ်နေကာ ဧပြီ ၂၈ ရက်က ရန်ကုန်မြို့ရဲ့ အပူချိန်ဟာ ၃၉ ဒီဂရီစင်တီဂရိတ် ရှိတယ်လို့ မိုးလေဝသနဲ့ ဇလ‌ေဗဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013