DVB Logo
Home
မြန်မာသတင်း
ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင် ခွင့်ပြုမည်
DVB
·
April 27, 2023
ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင် ခွင့်ပြုမည်
Donate to DVB

မြန်မာနိုင်ငံမှာ  အရင်က လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားတဲ့ ကုန်စည်လိုင်း ၃၀၀၀ ကျော်ကို Automatic Licensing စနစ်နဲ့ သွင်းကုန်လိုင်စင်ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

သွင်းကုန်လိုင်စင်တွေကို Automatic Licensing စနစ်၊ Non-Automatic Licensing စနစ် တို့နဲ့ လာမယ့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က စတင်ခွင့်ပြုသွားမှာ ဖြစ်တာကြောင့် အရင်က လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြုထားတဲ့ ကုန်စည်လိုင်း ၃၀၀၀ ကျော်အပါအဝင် ပြည်ပက တင်သွင်းမယ့် ကုန်စည်အားလုံးအတွက် Myanmar Tradenet 2.0 စနစ်ကို ဝင်ရောက်လျှောက်ထားရမယ်လို့လည်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားတာပါ။

ကုန်သွယ်ရေးဉီးစီးဌာနအနေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်တကျဆောင်ရွက်နိုင်စေဖို့အတွက် ဆိုကာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တင်သွင်းတဲ့ ကုန်စည်အားလုံးကို သွင်းကုန် လိုင်စင်လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုသွားဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Automatic Licensing စနစ်က သွင်းကုန်လိုင်စင်တွေကို ဌာနကစိစစ်ဖို့မလိုဘဲ စနစ်က အလိုအလျောက် လိုင်စင်ထုတ်ပေးတဲ့စနစ်ဖြစ်ပြီး Non-Automatic Licensing စနစ်က သွင်းကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် ဖြစ်ပါတယ်။

စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက နောက်ဆုံးနောက်ပြန်ထားတဲ့ အမိန့်ကြော်ငြာစာအရ Non-Automatic Licensing စနစ်နဲ့ သွင်းကုန် လိုင်စင်လျှောက်ထားရမယ့် HS Code 10 digit နဲ့ ကုန်စည်လိုင်း (၈၇၇၄) လိုင်း ရှိပါတယ်။

စစ်ကောင်စီလက်ထက်မှာ သွင်းကုန်တွေကို ပို့ကုန်ရငွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့လုပ်ခနဲ့ လစာလွှဲငွေတွေကို အခြေခံပြီး တင်သွင်းခွင့်ပြုထားပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013