DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကူးစက်နှုန်းများလာသဖြင့် ဆေးရုံများအသင့်ပြင်ထားရန် စစ်ကောင်စီ ညွှန်ကြား
DVB
·
April 25, 2023
ကိုဗစ်ကူးစက်နှုန်းများလာသဖြင့် ဆေးရုံများအသင့်ပြင်ထားရန် စစ်ကောင်စီ ညွှန်ကြား
Donate to DVB

ကိုဗစ်ကူးစက်နှုန်းများလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ညွန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်းမြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလမှစတင်ကာ ကိုဗစ်ကူးစက်သူများပြားလာတဲ့အတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ပါရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"စစ်တပ်က ကိုဗစ်ကူးစက်တဲ့လူတွေ ဒီလောက်များတာတောင် သင်္ကြန်ကိုလိမ်ပြီးလုပ်သွားတာ။ ယိမ်းကတဲ့အဖွဲ့အထဲက ၁၂ ဦးလောက် ကိုဗစ်ဖြစ်တယ်၊ အခုစစ်ဆေးရုံမှာကြိတ်ကုနေတယ်။ ဒီလူအများကြီးက ထပ်ပြန့်သွားရင် မလွယ်ဘူး။" 

ကျန်းမာရေးဝန်ကြီးဌာနက ဗဟိုအဆင့် ဆေးရုံအုပ်ကြီးတွေဦး၊ နေပြည်တော်ကုသရေးဦးစီးမှူးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကုသရေးဦးစီးမှူးတွေကို ကူးစက်မြန် ကိုဗစ်ရောဂါကုသရေးအတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ဧပြီ ၂၄ ရက်က စာထုတ်ပြန်ခဲ့တာလို့ အမည်မဖော်လိုသူ ဦးစီးမှူးတဦးက ဒီဗွီဘီကိုပြောပါတယ်။

"မနေ့ကပဲ ကျနော်တို့ဆေးရုံကို စာရောက်တယ်၊ ကိုဗစ်ဖြစ်နေမှန်းသိတယ်။ ကုသရေးရော၊ ပညာရေးရော မလုပ်ဘဲ ဆေးရုံတွေ၊ ခုတင်တွေ အသင့်ပြင်ထားပါဆိုတော့ မပြောချင်ဘူး။"

အခုကာလ ကိုဗစ်ပြန်လည်ဖြစ်လာပါက စစ်ကောင်စီရဲ့ ကျန်းမာရေး အသိမရှိမှုကြောင့် ပြည်သူတွေ ထောင်နဲ့ချီ ထပ်မံသေဆုံးမှာစိုးရိမ်တယ်လို့ ပြည်သူတဦးက ဝေဖန်ပြောဆိုပါတယ်။

"အခုချိန် ကိုဗစ်အမှန်တကယ်သာဖြစ်၊ သေလိုက်မဲ့လူတွေ။ လူတွေက mask မတပ်သလို လက်လည်းမဆေးဘူး၊ လူစုလူဝေးအများကြီးနဲ့နေကြတယ်။ ဒါကိုပညာပေးမဲ့သူမရှိဘူး။" 

မြို့နယ်ဆေးရုံတွေမှာ လက်တလော လူနာတွေအတေက်  Covid Clinical Management Committee တွေ ပြန်လည်ဖွဲ့စည်းနေတယ်လို့ ကျန်းမာရေးအသိုက်အဝန်းက သိရပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ဒုတိယလှိုင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ဆရာဝန်တွေ မလုံလောက်မှု နဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် ပြည်သူတွေ ထောင်နဲ့ချီကာ သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013