DVB Logo
Home
မြန်မာသတင်း
ရေအားလျှပ်စစ်စီမံကိန်းများ တားဆီးပေးရန် ရှမ်းအဖွဲ့အစည်း ၁၃ ဖွဲ့ပူးပေါင်း တောင်းဆို
DVB
·
April 25, 2023
ရေအားလျှပ်စစ်စီမံကိန်းများ တားဆီးပေးရန် ရှမ်းအဖွဲ့အစည်း ၁၃ ဖွဲ့ပူးပေါင်း တောင်းဆို
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲနဲ့သီပေါမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်ပေါ်မှာ စစ်ကောင်စီက အထက်ရဲရွာစီမံကိန်းနဲ့ နမ္မတူရေအားလျှပ်စစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ရှမ်းပြည်တွင်းရှိ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ တားဆီးကူညီဆောင်ရွက်ပေးဖို့ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း ၁၃ ဖွဲ့က ပူးပေါင်းတောင်းဆိုပါတယ်။

အဆိုပါစီမံကိန်းတွေကြောင့် သီပေါက သမိုင်းဝင် ဘော်ကြိုဘုရားကြီး အပါအဝင် ကျေးရွာအုပ်စု ၁၁ စုရော၊ နမ့်ဆန်မြို့နယ် လီလုရွာပါ ရေအောက်ကိုနစ်မြှုပ်သွားပြီး သောင်းနဲ့ချီတဲ့ပြည်သူတွေရဲ့ လူမှုဘဝကို ထိခိုက်စေမယ်လို့ ဒီကနေ့ ဧပြီ ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် မြစ်ချောင်းတွေကို အမှီပြုရတဲ့ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေပါထိခိုက်ပြီး သဘာဝဝန်းကျင်နဲ့ ဇီဝဖြစ်စဉ်တွေကို ပျက်စီးစေမယ်လို့ ဆိုပါတယ်။ 

ရှမ်းပြည်က မြစ်တွေပေါ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေကာတာကြီး ၁၀ ခုရှိထားပေမဲ့ ရှမ်းပြည်ဒေသ အများအပြားမှာ လျှပ်စစ်မီး အခုထိမရသေးကြောင်း၊ လက်ရှိ အကောင်အထည်ဖော်နေတဲ့ ဒုဋ္ဌဝတီမြစ်ပေါ်က ရေအားလျှပ်စစ်အကျိုးအမြတ်တွေကို ဘယ်နေရာမှာ ဘယ်လိုသုံးမလဲဆိုတာကို စစ်ကောင်စီက ပွင့်လင်းမြင်သာ ချပြခြင်းလည်းမရှိ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝထိခိုက်မှုဆိုင်ရာ စစ်တမ်း EIA/SIA ကောက်ယူမှုလည်း ပွင့်လင်းမြင်သာမရှိဘူးလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီစီမံကိန်းဟာ ဖက်ဒရယ်ဒီမိုကရေစီရရေး ကြိုးပမ်းနေတဲ့ ပြည်နယ်တွေကို သွယ်ဝိုက်နည်းနဲ့ ထိခိုက်နစ်နာဖွယ်ရှိကြောင်း၊ ဒါကြောင့် ရှမ်းပြည်နယ်ရှိ သက်ဆိုင်ရာလူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ ဒေသခံပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်တဲ့အနေနဲ့ ဒုဋ္ဌဝတီမြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်မှုတွေ ရပ်တန့်သွားအောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တားဆီးကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒီကနေ့ ပူးပေါင်းတောင်းဆိုတဲ့အဖွဲ့ထဲမှာ ပြည်တွင်း ပြည်ပ ရှမ်းလူငယ်အဖွဲ့အစည်း၊ နမ္မတူမြစ် ထိန်းသိမ်းရေးအဖွဲ့၊ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း စတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013