DVB Logo
Home
မြန်မာသတင်း
The Voice Journal အယ်ဒီတာချုပ်နှင့် အနုပညာရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
DVB
·
April 21, 2023
The Voice Journal အယ်ဒီတာချုပ်နှင့် အနုပညာရှင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
1 / 4
Donate to DVB

ရန်ကုန်၊ စမ်းချောင်းမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်တို့က ရဲစခန်းတွေမှာ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးမင်းကျော်ဆွေနဲ့ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်တို့ကို ဧပြီ ၂၀ ရက် ညနေပိုင်းက ပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီဘက်က အမှုဖွင့်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧပြီ ၁၁ ရက် ညနေ ၆ နာရီကျော်က မြောက်ဒဂုံမြို့နယ်၊ ၃၈ ရပ်ကွက်မှာ နေထိုင်တဲ့ မေပန်းချီနဲ့ ရွှေရည်သိန်းတန်ကို မြောက်ဒဂုံရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အောင်သပြေစစ်ကြောရေးကို ပို့ဆောင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၁ ရက် ညနေပိုင်းမှာပဲ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာနေထိုင်တဲ့ The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို စမ်းချောင်းရဲစခန်းက ဖမ်းဆီးခဲ့ပြီး ဧပြီ ၁၂ ရက်မှာ အောင်သပြေစစ်ကြောရေးကို ပို့ဆောင်ခံခဲ့ရတာပါ။

ရန်ကုန်မြို့ခံတဦးက “အဓိက ဖမ်းဖို့ လှုံ့ဆော်တာက စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ကနေ တင်ပေးနေတာ။ စစ်တပ်ကကောင်တွေက ဘယ်သူဘယ်ဝါဆိုတာ အချိန်ပြည့် မသိနိုင်တော့ သူတို့ချန်နယ်တွေကနေ သူတို့ကို ဆန့်ကျင်တဲ့သူ၊ NUG ထောက်ခံတဲ့သူဆိုရင် နေရပ်လိပ်စာ၊ ပုံ၊ အလုပ်၊ ဖုန်းနံပါတ်ကအစ အတိအကျတင်တာ။ အင်ဖော်မာ သဘောမျိုးလည်း ရှိတယ်။ သတင်းပေးနိုင်ရင် ဖုန်းဘေလ်တွေ ပေးတာတို့ ရှိတယ်။ သူတို့ထဲက စစ်တပ်ထောက်ခံတဲ့ အရပ်သားတွေ ပါသလို နည်းပညာကျွမ်းကျင်တဲ့သူတွေလည်း ရှိတယ်။ ဧပြီ ၁၁ ရက် မနက်ပိုင်းလောက်က မမေပန်းချီ၊ MRTV 4 က မမြတ်သူသူ၊ ရွှေရည်သိန်းတန်၊ ဆရာ ကျော်မင်းဆွေတို့ကို ဖမ်းဆီးဖို့ တင်ထားတာ။ သူတို့တွေက ပို့စ်တခုတင်ရင် ချန်နယ် ၁၀၀ ရှိရင် ၁၀၀ စလုံး ပြန် share တာမျိုးရှိတယ်။ အဓိကကတော့ စစ်တပ်က ငွေကြေးထောက်ပံ့ပေးနေတာ” လို့ ပြောပါတယ်။

အနုပညာရှင် ၂ ဦးနဲ့ အယ်ဒီတာချုပ်တို့ ဖမ်းဆီးမခံရခင် ဧပြီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖမ်းဆီးပေးဖို့ တိုက်တွန်းတဲ့ ပုံနဲ့ စာတွေ တင်ထားတာကို တွေ့ရပါတယ်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီလေယာဉ် ဗုံးကြဲချမှုကြောင့် ကလေးငယ် အပါအဝင် လူ ၁၆၀ ကျော် သေဆုံးမှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် မျှဝေတာနဲ့ ပို့စ်တင်တာတွေကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို စမ်းချောင်းမြို့နယ်ရဲစခန်းမှာ (ပ) ၁၂၅/၂၀၂၃၊ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရပြီး မြောက်ဒဂုံရဲစခန်းမှာ သရုပ်ဆောင် မေပန်းချီကို (ပ) ၂၀၀/၂၀၂၃ ပုဒ်မ ၅၀၅၊ အဆိုတော် ရွှေရည်သိန်းတန်ကို (ပ) ၂၀၁/၂၀၂၃ ပုဒ်မ ၅၀၅ တို့နဲ့ စစ်ကောင်စီဘက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013