DVB Logo
Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်
DVB
·
April 14, 2023
အထက်မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ၏နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်
Donate to DVB

မကွေးတိုင်း မင်းလှမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံရဲ့ နေအိမ်ကို ဧပြီ ၁၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထက်မင်းလှမြို့နယ် ရှမ်းတပ်ကြီးကျေးရွာမှာ ဧပြီ ၁၄ ရက် မနက် ၉ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လူငယ်တာဝန်ခံ ကိုကျော်သူရရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ရှမ်းတပ်ကြီး ကျေးရွာဒေသခံတယောက်က ပြောပါတယ်။

သရက်ခရိုင်က ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေရယ်၊ ရေနံမနယ်မြေရဲစခန်းနဲ့ ရှမ်းတပ်ကြီးရဲကင်းက ရဲတွေ အင်အား ၈ ယောက်လောက်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ မပါဘဲ လာရောက်ချိပ်ပိတ်သွားတာလို့ ဆိုပါတယ်။

ကိုကျော်သူရဟာ မင်းလှမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံတယောက်ဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေမှာ ဦဆောင်ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ ဝရမ်းထုတ်ခံထားရတာလို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံဝန်းရံသူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီက မကြာခဏ ချိပ်ပိတ်နေသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးနေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် မေ ၂၀ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေအိမ်ပေါင်း ၅၈၀ ကျော် စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့ရာမှာ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံးပါတယ်လို ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013