DVB Logo
Home
မြန်မာသတင်း
ဟားခါး ကြံ့ခိုင်ရေးပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံးကို CDF-Hakha Council က ပြည်သူပိုင်သိမ်း
DVB
·
April 12, 2023
ဟားခါး ကြံ့ခိုင်ရေးပါတီရုံးနှင့် ပိုင်ဆိုင်မှုအားလုံးကို CDF-Hakha Council က ပြည်သူပိုင်သိမ်း
Donate to DVB

ဟားခါးမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို CDF-Hakha Council က ပြည်သူပိုင်အဖြစ် သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဧပြီ ၁၂ ရက် ရက်စွဲနဲ့ ကောင်စီရုံးထုတ်ပြန်ချက်မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) ဟာ အာဏာသိမ်းစစ်ကောင်စီဆီမှာ မှတ်ပုံတင်ကာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ဟားခါးမြို့နယ်ထဲက ပါတီရဲ့ ရုံးနဲ့ တခြား သော ပိုင်ဆိုင်မှုအားလုံးကို ဒီကနေ့ကစပြီးတော့ ပြည်သူပိုင်အဖြစ်သိမ်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အကြမ်းဖက် စစ်အုပ်စုက တဖက်သတ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းထားပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လူဦးရေစာရင်း ကောက်ယူမှုနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ ခြိမ်း ခြောက်မှုတွေရှိပါက သတင်းပေးပို့ တိုင်ကြားဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်းက လူဦးရေစာရင်းတွေကို eID ကွန်ပျူတာဒေတာစနစ်နဲ့ ကောက်ယူနေသလို တဖက်မှာလည်း မမှန်ဝါဒဖြန့် ရုပ်သံသတင်းမီဒီယာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားတို့ကတဆင့် (E-voting) အီလက်ထရွန်းနစ်နည်းနဲ့ မဲပေးတဲ့စနစ်ကို ပြည်သူလူထုသိအောင် ထုတ်လွှင့်ရှင်းလင်းနေတာကို တွေ့ရပါတယ်။

နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) ကတော့ စစ်ကောင်စီကျင်းပဖို့ စီစဉ် နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သွေးထွက်သံယိုမှု အများဆုံးရွေး ကောက်ပွဲ ဖြစ်လာနိုင်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက  ဒီရွေးကောက်ပွဲကို လက်မခံ တရားမဝင်ကြောင်း လူသိရှင်ကြားကြေညာဖို့နဲ့ ရွေးကောက်ပွဲ မကျင်းပရေး တားမြစ်ဖို့ တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013