DVB Logo
Home
မြန်မာသတင်း
၃ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ နီးပါးပြုလုပ်
DVB
·
April 12, 2023
၃ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ နီးပါးပြုလုပ်
1 / 3
Donate to DVB

၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ မတ်လ၊ ပြီးခဲ့တဲ့ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကတိုက်ခိုက်တာ၊ ပစ်ကူတာ ၄၇ ကြိမ်လုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄၇ ယောက် သေဆုံးခဲ့ရတယ်လို့ သုတေသနစာတမ်းတခုက ဖော်ပြပါတယ်။

သတင်းမီဒီယာတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လူမျိုးစုတော်လှန်ရေး အင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြီး ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြုစုတွက်ချက်ထုတ်ပြန်လိုက်တာပါ။

ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တို့နဲ့ ကရင်ပြည်နယ်ကို ၅ ကြိမ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ကရင်နီပြည်ကို ၄ ကြိမ်စီ၊ ရှမ်းပြည်နယ်ကို ၂ ကြိမ်၊ ချင်းပြည်နယ်နဲ့ ပဲခူးတိုင်းတို့ကို ၁ ကြိမ်စီ တိုက်ခိုက်ခဲ့ပါတယ်။

ပြီးတော့ မြေပြင်တိုက်ပွဲတွေရှိနေချိန်မှာ လေကြောင်းကနေ ပစ်ကူ ၂၂ ကြိမ် ပေးခဲ့သေးတာကိုလည်း မှတ်တမ်းမှာတွေ့ရပါတယ်။

ဇန်နဝါရီလမှာ လေကြောင်းကတိုက်ခိုက်တာ ၄ ကြိမ်ရှိပြီး ဖေဖော်ဝါရီမှာ ၆ ကြိမ်နဲ့ မတ်လမှာ ၁၅ ကြိမ်ရှိတာကြောင့် တလထက်တလပိုပြီး အကြိမ်ရေများလာတာကိုလည်း တွေ့ရပါတယ်။

သေဆုံးခဲ့ရသူတွေထဲမှာတော့ ကလေး ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ အမျိုးသား ၁၃ ယောက်နဲ့ ကျား၊ မ မဖော်ပြထားသူ ၁၉ ယောက်ပါဝင်ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ချိန်တွေမှာရော တိုက်ပွဲမရှိချိန်တွေမှာပါ ဂျီနီဗာကွန်ဗန်းရှင်း အရ အကာအကွယ်ပေးရမှာဖြစ်တဲ့ အရပ်သားတွေရဲ့ အိမ်တွေ၊ စစ်ရှောင်စခန်းတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဘာသာရေးအဆောက်အအုံတွေကို တမင်တကာ ဦးတည် တိုက်ခိုက်ခဲ့တယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒီကာလအတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာနယ်မြေတွေ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့တပ်စခန်းတွေ၊ ချင်းအမျိုးသားတပ်ဦး ဌာနချုပ် (CNF)နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိရာဆီကိုလည်း ၉ ကြိမ် ဦးတည် တိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ရာချီ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုတော့ ဒီသုတေသန စစ်တမ်းမှာ ထည့်သွင်းဖော်ပြခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013