DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် တိုက်ပွဲပြင်းထန်၊ ၆ ရက်အတွင်း စစ်တပ်က ၃၀ ခန့်သေဟု ကော်ဘရာစစ်ကြောင်းပြော
DVB
·
April 11, 2023
ကေအန်ယူနယ်မြေတွင် တိုက်ပွဲပြင်းထန်၊ ၆ ရက်အတွင်း စစ်တပ်က ၃၀ ခန့်သေဟု ကော်ဘရာစစ်ကြောင်းပြော
1 / 3
Donate to DVB

ပြီးခဲ့တဲ့ ၆ ရက်တာအတွင်း တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဘက်က အယောက် ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်ကနေ ၉ ရက်အထိ တိုက်ပွဲသတင်းတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ မြဝတီမြို့အနီးနေရာအ များအပြားကို ဖြန့်ကျက်နေရာယူကာ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နေတာလို့ ဆိုပါတယ်။

ဧပြီ ၄ ရက်မှာတော့ စစ်ကောင်စီလက်အောက်ခံ စခန်းကုန်းကို သွားရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး BGF ၁ ယောက်နဲ့ သတင်းပေး ၂ ယောက်တို့ကို ဖမ်းဆီးနိုင် ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်တွေဘက်က ၈ ယောက် သေဆုံးပြီး ခလရ(၁၀၂)မှ ဗိုလ်ကြီး ၁ ယောက်နဲ့ အခြားအဆင့် ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ကျားသစ်နက်စစ်ကြောင်းက ရဲဘော် ၃ ယောက် အဆက်သွယ်မရဘဲ တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်း ပျောက်နေခဲ့ပြီး နောက်တရက် ဧပြီ ၅ ရက်မှာတော့ ၁ ယောက်ပြန်လာနိုင်ခဲ့ပေမယ့် ၂ ယောက်ကတော့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၅ ရက်မှာတော့ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို နယ်မြေရှင်းလင်းခဲ့ချိန်မှာ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ၁ လုံး၊ ကပစကျည်အတောင့် ၂၀၀ တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧပြီ ၆ ရက်မှာတော့ စစ်ကောင်စီဘက်ကနေ မဲကနယ်ရွာထဲကို လက်နက်ကြီးအကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူနေအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဧပြီ ၇ ရက်ကတော့ စစ်ကောင်စီတပ်တွေနဲ့ BGF တွေဟာ မဲကနယ်ကျေးရွာကို အင်အား အလုံးအရင်းနဲ့ နေရာ ၃ နေရာကနေ စစ်ကြောင်းဝင်တိုးခဲ့လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ် ခတ်ချေမှုန်းခဲ့ရာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးပြီး ခလရ(၂၀၇) 2IC ၁ ယောက်နဲ့ တခြားအဆင့် ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မဟာမိတ် တော် လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရဲဘော် ၄ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  Drone ၁ စီး ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက်မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၁၀၀ အထက် ပစ်ခတ်ခဲ့ကြပြီး အင်အားအလုံးအရင်းနဲ့ မဲကနယ်ကို စစ်ကြောင်းထိုးလာခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့ပြီး ခလရ (၂၀၇)ဗိုလ်ကြီး၊ ခလရ(၁၀၂) ဗိုလ်မှူး နဲ့ တခြားအဆင့် ၁၁ ယောက် ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် BGF ကျော်စိုး စခန်းကို တိုက်ခိုက်ခဲ့ချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဧပြီ ၉ ရက်ကတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးအကြိမ်ရေ ၈၀ လောက် ပစ်ကူနဲ့ စစ်ကြောင်းထိုးတက်လာချိန်မှာ နယ်မြေစိုးမိုးမှုယူထားတဲ့ တော် လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်စုတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က လ(၈) တပ်ရင်းမှူးနဲ့ တခြားအဆင့် ၅ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် BGF ကျော်စိုးစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှာတော့ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ Drone ၁ စီး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ် တွေဘက်က AK ၁ လက်၊ ကျည်ပေါက် ၄ ပေါက်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ၂၀ လုံး ၊ 7.62 အတောင့် ၂၀၀၊ ကာဘိုင်ကျည် အတောင့် ၂၄၀၊ ၅.၅၆ MA ကျည် အတောင့် ၄၀၀၊ AK ကျည် အတောင့် ၂၀၀၊ ဖုန်း Huawei ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ် တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်နေမှုတွေကို ရရာနည်းလမ်းနဲ့ ခုခံတိုက်ခိုက်ဖို့ရာမှာလည်း လက်နက်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက် ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013