DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် မိုးကောင်းထွေအုပ် CDM ဝန်ထမ်းနှင့် မိသားစု အဆက်အသွယ်မရဖြစ်နေ
DVB
·
April 9, 2023
ဖမ်းဆီးခံရသည့် မိုးကောင်းထွေအုပ် CDM ဝန်ထမ်းနှင့် မိသားစု အဆက်အသွယ်မရဖြစ်နေ
Donate to DVB

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ CDM လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတဦး အဖမ်းခံထားရပြီး သုံးရက်မြောက်နေ့အထိ မိသားစုနဲ့ ဆက်သွယ်ခွင့်မ ပေးသေးဘူးလို့ သိရပါတယ်။

ဧပြီ ၇ ရက် မနက်ပိုင်းမှာ ထွေအုပ် ဝန်ထမ်းဟောင်း တယောက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်နေ မနေခြည်အောင်ကို လာရောက်ဖမ်းဆီးပြီး မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးကြောင်း မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"မနက် ၁၀ နာရီခွဲလောက် အိမ်စီးကားနှစ်စီးနဲ့ ရဲတွေရောက်လာတယ်။ နာမည်နဲ့ Facebook အကောင့်နဲ့ တိုက်စစ်တယ်။ မေးစရာရှိလို့ ဆိုပြီးခေါ်သွားတာ။ မိသားစုနဲ့ အဆက်အသွယ်မရတာ သုံးရက်ရှိပြီ။ မိသားစုတွေလည်း စိတ်ပူနေကြတယ်။"

မနေခြည်အောင်ဟာ စစ်ကောင်စီ လက်အောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ တာဝန်မထမ်းဆောင်လိုတဲ့အတွက် လွန်ခဲ့တဲ့ တနှစ်ကျော်က CDM လုပ်ထားတာဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

မိုးကောင်းမြို့နယ်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပညာရေးဌာနကနေ CDM လုပ်ထားတဲ့ ကျောင်းဆရာမ ဒေါ်စိုးစိုးမြကို  Kaung For You Education မှာ စာသင်ကြားလို့ဆိုပြီး စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၂ (က)နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013