DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၊ မင်းလှ ကပစ-၁၀ တိုက်ခိုက်ခံရမှုတွင် အရာရှိစစ်သည် ၁၂ ဦးခန့်သေဆုံး
DVB
·
April 9, 2023
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရ၊ မင်းလှ ကပစ-၁၀   တိုက်ခိုက်ခံရမှုတွင် အရာရှိစစ်သည်  ၁၂ ဦးခန့်သေဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့မှာ ဧပြီ ၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

ကမ္မမြို့ လက်ပြစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံးဖြုတ်ချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစာသင်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတာ ၄ လကျော်လောက်ကြာပြီဗျ။ သူတို့တပ်စွဲထားတဲ့ အင်အားကတော့ ၆၂ ယောက်လောက်ရှိတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူတို့နေထိုင်တဲ့နေရာကို တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။  ကျနော်တို့ ဘက်က ရဲဘော်တွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး။”

မြိုင်မြို့နယ်မှာလည်း ဧပြီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖကနေ သိရပါတယ်။

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ကပစ ၁၀ ကို ဧပြီ ၇ ရက်က တိုက်ခိုက်ခဲ့ရာမှာ  ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်အရာရှိ‌တွေ အပါအဝင် ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖ ကနေသိရပါတယ်။

အထက်မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အဓိက လက်နက်ထုပ်လုပ်ရေးစက်ရုံတခုဖြစ်တဲ့ ကပစ(၁၀) စက်ရုံကို မင်းလှမြို့နယ်ပကဖ၊ SMPDF၊PRA(မကွေး)၊ACDF နဲ့ Key of Revolution တပ်ဖွဲ့တို့ပူးပေါင်းပြီး ဧပြီလ ၇ ရက် ညပိုင်းမှာ ရှော့တိုက် ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး ၊ဗိုလ်ကြီးအဆင့်ရှိသူ ၁၂ ဦးရဲ့ အလောင်းတွေကို မျက်မြင်တွေ့ရှိခဲ့ရပြီး သေဆုံးတဲ့သူ အရေအတွက် ဒီထက်များပြားနိုင်ကာ ဒဏ်ရာရတဲ့သူတွေလည်းအများအပြားရှိတယ်လို့ တပ်တွင်း ဖရဲသီးတွေရဲ့ သတင်းပေးပို့ချက်အရ  သိရကြောင်း မင်းလှမြို့နယ် ပကဖ ခေါင်းဆောင် ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။

“သူတို့ဘက်က ထုတ်လုပ်ပြီးသား ဒုံးတွေကို အချိန်အပြောင်းလုပ်တဲ့ ယာယီ သိုလ်လှောင်ရုံပေါက်ကွဲခဲ့တာဗျ။ ကျနော်တို့ဘက်က ပစ်လိုက်တာက ရှော့တိုက်ဒုံး ၂ လုံးတည်း ဆိုပေမဲ့ အဲဒီသိုလ်လှောင်ရုံထဲက လက်နက်တွေပါ ထပ်မံပေါက်ကွဲခဲ့တာ။

အဲဒီပေါက်ကွဲမှုမှာ နိုင်ငံခြားပညာရှင်တွေပါ ထိခိုက်သေဆုံးတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတိကျမသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်ရန်ကြီးအောင်က ပြောပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြီး ဧပြီလ ၈ ရက် မနက်ပိုင်းက ဒေသခံ အန်အယ်လ်ဒီပါတီမြို့နယ် အလုပ်အမှုဆောင် ၁ ယောက်အပါဝင် ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013