DVB Logo
Home
မြန်မာသတင်း
ရေတာရှည်တွင် တက္ကစီယာဉ်မောင်းအား စကေဘာထိုး ကားလုယက်သည့်အဖွဲ့ဝင် အမျိုးသမီးကို ဖမ်းမိ
DVB
·
April 8, 2023
ရေတာရှည်တွင် တက္ကစီယာဉ်မောင်းအား စကေဘာထိုး  ကားလုယက်သည့်အဖွဲ့ဝင် အမျိုးသမီးကို ဖမ်းမိ
Donate to DVB

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ ၁၂၅ မိုင်၊ သာဂရ-ကိုးပင် ရိုးမဖြတ်လမ်း၊ ဖိုးကျားဆင်စခန်းအနီးမှာ ဧပြီ ၇ ရက် ညပိုင်းက တက္ကစီယာဉ်မောင်းကို ခရီးသည် ၂ ဦးက စကေဘာနဲ့ထိုး ကားလုယက်မှု ဖြစ်ပွားခဲ့ပြီး လုယက်သူ ၂ ဦးအနက် တဦးကို ကားနဲ့အတူ ဖမ်းဆီးရမိပြီလို့ ကားပိုင်ရှင်နဲ့ နီးစပ်သူဆီက သိရပါတယ်။

အဲဒီနေ့လယ် ၂ နာရီ ၃၀ မိနစ်လောက်က ရန်ကုန်၊ အောင်ဇေယျအိမ်ရာကနေ အသက် ၃၀ အရွယ် အမျိုးသားနဲ့ အမျိုးသမီးတို့က အမြန်လမ်း ၁၆၅ မိုင်ကို တက္ကစီငှားခဲ့တာဖြစ်ပြီး ည ၉:၃၀ လောက် အမြန်လမ်းမှာ တက္ကစီယာဉ်မောင်းရဲ့ လည်ပင်း၊ ရင်ဘတ်နေရာတွေကို စကေဘာနဲ့ ထိုးသွင်း ကားလုယက်ခဲ့တာပါ။ 

ယာဉ်မောင်းမိသားစုနဲ့ နီးစပ်သူတဦးက "ကားမလုခင် ရက်လောက်က အဲ့အမျိုးသမီးက ရွှေတိဂုံကနေ ကားငှားစီးဖူးတယ်၊ ဖုန်းနံပါတ်တောင်းပြီး ညကျတော့ အမြန်လမ်း ၁၆၅ မိုင် သွားချင်လို့ဆိုပြီး ဖုန်းဆက်တာ၊ သူနဲ့ ကလေးတယောက်ပါမယ်၊ မိဘတွေကို သွားကန်တော့ချင်လို့ ပြောပြီးငှားတာပါ၊ အောင်ဇေယျအိမ်ရာက‌နေ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါတယ်၊ ၂ နာရီခွဲလောက် ရန်ကုန်ကနေ ထွက်သွားကြတာ၊ ည ၉ နာရီခွဲ လောက်မှာ အမြန်လမ်းမှာ ကားအလုခံရတယ် လည်ပင်းကို ထိုးသွားတယ်လို့ ကြားရတာ၊ အဲဒီ ညပိုင်းပဲ တစ်ဦးဖမ်းမိပါတယ်၊ ကားက ပြန်ရပါပြီ " လို့  ပြောပါတယ်။   

အသက်  ၃၃ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူမှာ အဆုတ် သွေးရောက်နေပြီး လည်ပင်း ထိုးသွင်းဒဏ်ရာကြောင့် ဆွာဆေးရုံကနေ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို အရေး ပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လုယက်ခံရတာကြောင့် အဖြူရောင် ပရိုဘောက်တက်စီ YGN 7E- 4003 ၊ ဖုန်း၊ ပိုက်ဆံအိတ် ယူဆောင်သွားခံရပြီး  ကိုးပင်လမ်းဘက် မောင်းပြေးသွားခဲ့တာလို့ သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာနဲ့ မိုင် ၅၀ ခန့်အကွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကနေ လုယက်သူ အမျိုးသားနဲ့ အမျိုးသမီးကို ဖမ်းမိခဲ့တာဖြစ်ပြီး အမျိုးသားဖြစ်သူက စစ်ကောင်စီဂိတ်မှာ ‌ဖြေရှင်းမယ်လို့ ဆိုကာ ထွက်ပြေးသွားတာကြောင့် တက္ကစီနဲ့ လုယက်သူ အမျိုးသမီးကိုသာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

လုယက်သူ အမျိုးသမီးကို သာဂရအမြန်လမ်းရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရတဲ့ အပြင် ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်မှာ တက္ကစီလုယက်ပြီး ယာဉ်မောင်းကို အုပ်စုဖွဲ့ဓားထိုးရိုက်နှက်သူ အဖွဲ့ဝင် ၂ ဦးကို အရပ်ဘက်အဖွဲ့အစည်းတွေက ဖမ်းဆီးပြီး မြောက်ဒဂုံရဲစခန်းအပ်နှံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013