DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူခရိုင်၌ မတ်လအတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ခံရ၊ ပုလဲ PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၇ ဦးကျဆုံး
DVB
·
April 8, 2023
ကန့်ဘလူခရိုင်၌ မတ်လအတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ခံရ၊ ပုလဲ PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၇ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်တပ်နဲ့ ပျူစောထီးတွေ  မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာ ၅ ရွာက နေအိမ် ၁၀၁ လုံး၊ စပါးတင်း‌ပေါင်းထောင်ချီ၊ လယ်ယာသုံး ထွန်စက် ၃ စီး၊ ထော်လာဂျီ၊ ထွန်စက်အကြီးနဲ့ ဆိုင်ကယ် ၁၇ စီးတို့အား ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေသခံအမျိုးသားတဦးက  "အခုလ ၂ ရက်နေ့ကနေ ၄ ရက်နေ့ထိ ၃ ရက်အတွင်း လျှော်ဖြူကုန်း၊ ဉာဏ်အင်းရွာနဲ့ အင်းလည်ကြီး ရွာတွေက လူနေအိမ်တွေကို မီးရှို့ခဲ့တယ်။ ဆွံ့အနားမကြား စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသား ၂ ယောက်လည်း စစ်တပ်နဲ့ ပျူစောထီးတွေက သတ်ဖြတ်သွားတယ်" လို့  ပြောပါတယ်။

ကန့်ဘလူ (၆၀၀၆) အမြှောက်တပ်ရင်းကနေ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်တာကြောင့် ညောင်ပေါင်ရင်းရွာက လူနေအိမ် ၁ လုံး၊ အင်းလယ်ကြီးရွာက လူနေအိမ် ၂ လုံး မီးရှို့လောင်ဆုံးရှုံးခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဟာ ထန်းကုန်းတိုက်နယ်၊ ညောင်ဇင်ကြီးရွာက အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူကို မီးရှို့သတ်ဖြတ်ခဲ့သလို ကိုးတောင်ဘို့တိုက်နယ် အလယ်ခုံရွာက အသက် ၂၂ အရွယ် အမျိုးသား ၁ ဦးကိုလည်း မျက်နှာနဲ့ ခေါင်းတခြမ်းပွင့်ထွက်သွားတဲ့အထိ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။  

မတ် ၈ ရက်နေ့ကလည်း စစ်တပ်က ဖမ်းဆီးသွားတဲ့ ကာဘိုးတိုက်နယ် ကျီစုရွာက ပြည်သူ ၃ ဦးဟာ ဒီနေ့အချိန်ထိ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းရွာနဲ့ တနယ်ရွာအနီး ဧပြီ ၅ ရက် မနက် ၉ နာရီက Mi35 နှစ်စီး၊ ရိုးရိုးဂျက်လေယာဉ် ၂ စီးနဲ့ပစ်ခတ်ကာ မြေပြင်ကို စစ်ကြောင်းထိုးကာ M7 PDF စခန်းကို စီးနင်းပြီး ရဲဘော် ၇ ယောက်အား သတ်ဖြတ်သွားကြတယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။

အခုလိုစစ်ကောင်စီက သတ်ဖြတ်ထားခဲ့ပြီး မီးရှို့တာတွေပါ လုပ်ဆောင်ထားခဲ့တာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ပြာပုံအနေထားနဲ့ပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူကာကွယ်‌ရေးအဖွဲ့ဝင်တဦးက “စခန်းကို ဝင်အစီးခံရတာက ဧပြီ ၅ ရက်က ဝင်စီးခံရတယ်။ သူတို့‌ လေယာဉ်နဲ့ လာပစ်တဲ့ အချိန် ရဲဘော်လေးတွေ သင်တန်းနားပြီး ထမင်းစားနေချိန် အခုလိုကြီး အစီးခံလိုက်ရတာ။ သူတို့ ဝင်စီးတော့ စခန်းထဲမှာ ရဲဘော် ၇ ယောက်ပိတ်မိပြီး ကျန်ခဲ့တာရှိတယ်။ သူ‌တို့ ဧပြီ ၆ရက် ကြတော့ နောက်တော့ မြိုင်မြို့နယ် ညောင်ရွာက စခန်းကို ထပ်မံဝင်ရောက်စီးနင်းဖို့ လာတင်သွားကြတယ်။ သူတို့ ထွက်သွားပြီး ဧပြီ ၆ ရက် ညနေ ၅ နာရီမှာ စခန်းကို သွားပြီးကြည့်တဲ့အခါ စခန်းကိုလည်း မီးရှို့ခဲ့သလို ဆိုင်ကယ်တွေနဲ့အတူ ရဲဘော်လေးတွေကိုပါ မီးရှို့ထားခဲ့တဲ့ ပြာပုံပါ တွေ့ခဲ့ရတယ်။ ရဲ‌ဘော်အကုန်လုံးကို သတ်ပြီး မီးရှို့ခဲ့တာလားဆိုတာကတော့ အတိကျမပြောနိုင်ဘူး။ သူတို့ရှို့သွားတာက အရိုးကိုပါ ပြာကျအောင်ရှို့သွားကြတာဆိုတော့ အတိအကျ ပြောလို့ မရသေးဘူး။ ဧပြီ ၇ ရက်အထိ ပျောက်နေတဲ့ ရဲဘော်တွေကို ရှာဖွေပေမဲ့ မတွေ့ရလို့ ဖမ်းမိသွားတဲ့ ၇ ဦလုံး သေဆုံးရတယ်လို့ အကြမ်းဖျင်းတွက်ထားရတယ်” လို့ ပြောပါတယ်။

အဆိုပါ ရဲဘော် ၇ ဦးနဲ့အတူ M7အဖွဲ့ရဲ့ စခန်းတဲနှစ်လုံးမီးရှို့ဖျက်ဆီးခံရပြီး M 4 ၁ လက်၊ 9 MM ပစ္စတို ၁ လက်၊ ၆၀ မမ ၁ လက်နဲ့ လက်လုပ်အဖူး တချို့၊ မိုင်းတချို့၊ လက်လုပ်သေနတ် ၆ လက်၊ ဆိုင်ကယ် ၄ စီး၊ မီးစက်တလုံး၊ ယူနီဖောင်းနဲ့ ဒရုန်းတစီး ဆုံးရှုံးတယ်လို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေရဲ့ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013