DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်း မီးလောင်
DVB
·
April 7, 2023
မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး လေယာဉ်ပြေးလမ်း မီးလောင်
1 / 2
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို ဧပြီ ၆ ရက်ညမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်နက်ကြီးရှော့ခ်တိုက်ဒုံးတွေ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ဧပြီ ၆ရက် ည ၉ နာရီ ၁၀ မိနစ်လောက်မှာ  ပေါက်ကွဲသံတွေစကြားရပြီးနောက် မိနစ်ပိုင်းခြားပြီး ပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရသလို  အပြန်လှန် သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"လေဆိပ်နဲ့ ဂိတ်အဝင်ဝ ရှော့ခ်တိုက်ဒုံးနဲ့ကျတယ်လို့သိရတယ်။ ကျနော်တို့အိမ်ဆိုတုန်ပါတုန်တယ်။ အထိအခိုက်များမယ်၊ လေယာဥ်ပြေးလမ်းတလျှောက် မီးတွေချည်းပါပဲ။ ပေါက်ကွဲပြီးမကြာဘူး သေနတ်သံတွေကြားရတာပဲ။ အချက် ၅၀ ကျော်မယ်၊ ဒီမှာက မီးလည်း ပျက်နေတော့ထင်းနေရောလေ။ လူနာတင်ကားတွေအများကြီးလာတယ်။ တပ်တွင်းကိုအဝင်မခံဘူး ၊ သတင်းဖုံးဖို့လုပ်နေကြတယ်။ တပ်ထဲမှာလည်း ထွက်မကြည့်ဖို့ ဖိအားပေးနေကြတယ်လို့ သိရပါတယ်။”

အခင်းဖြစ်ပွားရာနေရာကို ​မှော်ဘီ၊ တိုက်ကြီးနဲ့ ထောက်ကြံ့ နှစ်ဖက်စလုံးကနေ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ တက်လာကြောင်းလည်း သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ လတ်တလော ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။  စစ်ကောင်စီ လေတပ်ဝင်းထဲမှာတော့ လေယာဉ်ဆီသိုလောင်ကန်တချို့အပါအဝင် အထိအခိုက်အပျက်အစီးတွေများနေပြီး တပ်တွင်းနေမိသားစုတွေလည်း ကြောက်လန့်နေပေမဲ့ တပ်တွင်းအကြီးပိုင်းတွေက ဖိအားပေးနေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ လူနာတင်ယာဥ်တွေကို တပ်တွင်းအဝင်မခံဘဲ တပ်ရင်းဆေးခန်းမှာ ဒဏ်ရာရသူတွေကို ကုသပေးဖို့ ကြိုးစားနေတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေချိန်မှာ အခုလို စစ်ကောင်စီရဲဲ့လေတပ်စခန်းတခု တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်ကလည်း အလားတူဖြစ်စဥ်မျိုး မင်္ဂလာဒုံလေတပ်စခန်း ဝန်ထမ်းအိမ်ရာမှာဖြစ်ပွားခဲ့ပြီး ဝန်ထမ်း ၇ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Photo Credit

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013