DVB Logo
Home
မြန်မာသတင်း
အရက်နှင့် ဘီယာများကို အခွန်ကောက်မည့် စစ်ကောင်စီဥပဒေကို လုပ်ငန်းရှင်များ ဝေဖန်
DVB
·
April 5, 2023
အရက်နှင့် ဘီယာများကို အခွန်ကောက်မည့် စစ်ကောင်စီဥပဒေကို လုပ်ငန်းရှင်များ ဝေဖန်
Donate to DVB

အရက်နဲ့ ဘီယာအမျိုးမျိုးကို အခွန်ကောက်ခံမယ်လို့ စစ်ကောင်စီက မတ် ၃၀ ရက်က ဥပဒေ ထုတ်ပြန်ပြီးနောက် ဒီဥပဒေဟာ စစ်ကောင်စီထုတ်ကုန်တွေကို သုံးစွဲလာအောင် လုပ်ဆောင်တာဖြစ်ပြီး တပိုင်တနိုင် ရောင်းချသူတွေနဲ့ စားသုံးသူတွေ အခက်တွေ့စေတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ပါတယ်။

ကုန်စည်တွေသယ်ယူရာမှာ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် ပြည်တွင်းအရက်စျေးနှုန်းမှာလည်း အရင်ကထက် နှစ်ဆ စျေးမြင့်သွားပြီး အမြတ်နည်းကာ အဆိုပါကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံပါက ဆိုင်ဖွင့်ရောင်းချဖို့ မလွယ်ဘူးလို့ အရက်လက်လီလက်ကား ရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြောရရင် စစ်ကောင်စီကထုတ်တဲ့အရက် မသောက်ဘဲ နိုင်ငံခြားဖြစ်အရက် သောက်မယ်ဆိုရင် အခွန်က ၂,၀၀၀ ကနေ ၅,၀၀၀ အထိရှိတယ်။ ၃၀,၀၀၀ တန် အရက်တလုံးဝယ်ရင် ၆၀ ရာခိုင်နှုန်း ပေးရမယ်ဆိုတော့ ၁၈,၀၀၀၊ အဲ့ဒါပါထည့်ပေါင်းရင် လာဝယ်တဲ့သူက ခေါင်းရိုက်ခွဲသွားလိမ့်မယ်။”

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေမှာ ၇၀၀ တန်အရက် တလီတာကို အခွန်အနေနဲ့ ၂၀၉ ကျပ် ပေးဆောင်ရမှာဖြစ်ပြီး ၂၀,၀၀၀ အထက်ရှိတဲ့ အရက်တလီတာ တလုံးကို ၆၀ ရာခိုင်နှုန်း ပေးရမယ်လို့ ဥပဒေမှာ ပါရှိပါတယ်။

အခု စစ်တပ်ထုတ်ပြန်လိုက်တဲ့ ဥပဒေမှာ နိုင်ငံခြားအရက်တွေကို ပြည်သူတွေ မသောက်သုံးနိုင်အောင်လုပ်တာဖြစ်ပြီး စစ်တပ်ကထုတ်တဲ့ အရည်အသွေးမပြည့်မီတဲ့ အရက်တွေကို သောက်သုံးပြီး လူတွေသေအောင်လုပ်တာလို့ အရက်သောက်သုံးသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဥပမာ ၁၀,၀၀၀ တန် အရက်ဝယ်သောက်ရင် ၃,၀၀၀ က စစ်တပ်ကို အခွန်ပေးရမယ်။ မပေးချင်လို့ စစ်တပ်ကထုတ်တဲ့ စျေးပေါတဲ့ တံဆိပ်မျိုးစုံနဲ့ အရက်တွေသောက်၊ မြန်မြန်သေအောင်လုပ်နေတာ။”

ဒီဥပဒေကို ရောင်းချသူနဲ့ စားသုံးသူတွေကြားမှာ မသိရှိတဲ့အတွက် လာရောက်ဝယ်ယူသူတွေဆီက အခွန်ကောက်ပါက မလိုလားအပ်တဲ့ ပြဿနာတွေ တက်နိုင်တယ်လို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့တောင် သူများလာပြမှာ သိတာ။ ဥပဒေက ၁ ရက်နေ့က အသက်ဝင်တယ်ဆိုတော့ ဘယ်သူမှတောင် မသိဘူး။ လာဝယ်တဲ့သူသာ အဲ့လိုသွားကောက်ရင် ပြဿနာ အကြီးအကျယ်တက်မှာ။”

စစ်ကောင်စီက မတ် ၃၀ ရက်က တလီတာတန်ဖိုး ၁၉,၈၅၁ ကျပ်နဲ့အထက်ရှိတဲ့ အရက်နဲ့ ဘီယာအမျိုးမျိုးကို ၆၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှာဖြစ်ပြီး ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးတွေနဲ့ ကွမ်းစားဆေးအမျိုးမျိုးကို ၈၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံမယ်လို့ ကြေညာခဲ့ပြီး ဧပြီ ၁ ရက်ကစတင်ကာ ဥပဒေ အသက်ဝင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013