DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘဏ် ၂ ခုက ဒေါ်လာထုတ်မပေးတော့သဖြင့် မြန်မာကုန်သည်များ အခက်ကြုံ
DVB
·
April 4, 2023
ဘင်္ဂလားဒေ့ရှ်ဘဏ် ၂ ခုက  ဒေါ်လာထုတ်မပေးတော့သဖြင့်  မြန်မာကုန်သည်များ အခက်ကြုံ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘဏ်တွေဖြစ်တဲ့ AB Bank နဲ့ Sonali Bank တွေက အမေရိကန်ဒေါ်လာထုတ်မပေးတော့လို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအတွက်  ကုန်သည်တွေ အခက်တွေ့နေတယ်လို့  မြန်မာကုန်သည်ကြီးတွေထံက သိရပါတယ်။

AB Bank နဲ့ Sonali Bank တွေမှာ  အမေရိကန်ဒေါ်လာနည်းပါးလာလို့ ဧပြီ ၃ ရက်ကစပြီး ဒေါ်လာပေးချေတဲ့ လုပ်ငန်းတွေ ရပ်တန့်ထားပြီး ယူကရိန်းစစ်ပွဲပြီးမှသာ  ဆက်လက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ စစ်တွေအခြေစိုက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာကောင်စစ်ဝန်ရုံးကနေ သိရပါတယ်။

နယ်စပ်ကုန်သည်တဦးက "ကျနော်တို့က ဘင်္ဂလားနဲ့ ကုန်သွယ်ရာမှာ ဘင်္ဂလားဘက်က AB Bank နဲ့ Sonali Bank နှစ်ခုနဲ့ပဲ ငွေပေးချေလေ့ရှိကြတာ။ အခု အဲဒီဘဏ် နှစ်ဘဏ်လုံးက မနေ့က စပြီး ဒေါ်လာတွေ ထုတ်မပေးတော့ဘူးဆိုတော့ မြန်မာ-ဘင်္ဂလား ကုန်သွယ်မှုက ကျဆင်းတာတောင်တောင် မကဘူး။  ရပ်တန့်သွားမယ်အနေအထားအထိဖြစ်လာနိုင်တယ်”လို့ ပြောပါတယ်။

မြန်မာ -ဘင်္ဂလားဒေ့ရှ်ကုန်သွယ်ရာမှာ အဆိုပါဘဏ်၂ ခုနဲ့ မြန်မာနိုင်ငံဗဟိုဘဏ်တို့ ချိတ်ဆက် အလုပ်လုပ်ဆောင်နေကြရတာဖြစ်ပြီး ကုန်တင်ပို့မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒေါ်လာပေါက်စျေးနဲ့  ကုန်သည်တွေထံက ဝယ်ယူနေတာပါ။

မြန်မာကုန်သည်ကြီးတဦးက "ကျနော်တို့က ဘင်္ဂလားကို ကုန်တင်ပို့ပြီးရလာတဲ့ ကုန်သွယ်မှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ၂၁၀၀ ပေါက်စျေးနဲ့ ရောင်းပေးရတယ်။ ကျန် ၃၅ ရာခိုင်းနှုန်းကိုတော့ ပြင်ပဒေါ်လာပေါင်စျေးနဲ့ရောင်းရတာ။ ပြင်ပပေါက်စျေးနဲ့က တစ်ဒေါ်လာမှာ ၇၀၀ ကနေ ၈၀၀ အထိ ကွာခြားတော့ အလွန်နှစ်ကြတာပေါ့ဗျာ"လို့ ပြောပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ပေါက် ၉ ခုအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာတစ်ခုတည်းနဲ့သာအခွန်ဆောင်ပြီး ပို့ကုန်တင်ပို့နေတာဖြစ်ပြီး ပို့ကုန်တန်ဖိုး ၆၅ ရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ် ဒေါ်လာစျေးနဲ့ပဲ ရောင်းချနေရတဲ့အတွက်လည်း ကုန်သည်တွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013