DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့က အရပ်သား ၁ ဦးကို ပစ်သတ်
DVB
·
March 31, 2023
ခရမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့က အရပ်သား ၁ ဦးကို ပစ်သတ်
Donate to DVB

ရန်ကုန်၊ ခရမ်းမြို့နယ်၊ စွယ်တော်ကွင်းကျေးရွာလမ်းမမှာ အမျိုးသားတယောက်ကို  မတ်လ ၃၁ ရက် ဒီနေ့လယ် ၁ နာရီလောက်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၃၀ လောက်ရှိပြီး ဒေပေါက်ကျေးရွာဘက်ကနေ စွယ်တော်ကွင်းဘက်ကို နက်ပြာရောင်ဘေးလွယ်အိတ်ကို ကိုင်ကာ လမ်းလျှောက်လာပြီး လမ်းမှာ စစ်ကောင်စီတပ်က သေနတ်နဲ့ချိန် ဖမ်းဆီးတာကြောင့် နောက်ပြန်ပြေးရာက ပစ်သတ်ခံခဲ့ရတာပါ။

မြို့ခံ ပရဟိတအသင်းတာဝန်ရှိသူတဦးက “၁ နာရီခွဲခါနီးလောက်မှာ ရဲက ဖုန်းဆက်တာပါ။ စွယ်တော်ကွင်းမှာ DB ကောက်ရမယ် ပြောတယ်။ ၂ ချက်မှန်ထားပါတယ်။ လည်ပင်းတချက်၊ ရင်ဘတ်တချက်၊ ခရမ်းဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တာကြောင့် စစ်ဆေးရေးနေရာရဲ့ ပေ ၁၅၀ လောက်ဝေးတဲ့ လမ်းဘေးမြက်ခင်းပေါ်မှာ လဲကျသေဆုံးသွားတာလို့ သိရပါတယ်။

သေဆုံးသူရဲ့အိတ်ထဲက လက်ကိုင်ဖုန်း ၁ လုံး၊ ကျပ် ၂၀,၀၀၀ နဲ့ လက်ပစ်ဗုံးတလုံးကို ရှာတွေ့ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပေမဲ့ လက်ပစ်ဗုံးတွေ့ရှိမှုကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ခရမ်းမြို့နယ်မှာ စစ်ကောင်စီဘက်က မတ်လ ၃၀ ရက် မနက်ပိုင်းက ကံဘဲ့ကျေးရွာမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ ၁၀ ချက်ခန့် ပစ်သတ်ခံရပြီးကတည်းက လုံခြုံရေးတင်းကျပ်နေတာလို့ သိရပြီး မတ်လ ၃၁ ရက်က စစ်ကောင်စီပစ်ခတ်လို့ သေဆုံးသူ အမျိုးသားကို ခရမ်းဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013