DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေပြီး ၁၀၀ ကျော် ဒဏ်ရာရ
DVB
·
March 31, 2023
ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀၀ ကျော်သေပြီး ၁၀၀ ကျော် ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ် နယ်စပ်မှာ တလတာဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း  စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရပြီး လက်နက်ခဲယမ်းနဲ့ ကျည်အများအပြား သိမ်းဆည်းရမိတယ်လို့ 1007 MOBYE PDF-2 က  ထုတ်ပြန်ပါတယ်။

ဒီတလအတွင်း အဆိုပါဒေသတွေမှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် တော်လှန်ရေးအင်အားစုဘက်က ရဲဘော် ၁၂ ဦး သေဆုံးခဲ့ရသလို ၁၅ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကနေ မတ်လ ၃၀ ရက်အထိ အဆိုပါဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လူအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး စစ်ဆင်လာသလို လေကြာင်းပစ်ကူနဲ့ အပြင်းအထန် တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်ပါတယ်။

မတ်လ ပထမအပတ် စစ်ကောင်စီဘက်က အထိနာတဲ့အတွက် နမ်းနိန်ကျေးရွာကို မီးရှို့တာ၊ သံဃာ ၃ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ရက်စက်စွာ သတ်ဖြတ်တဲ့အပေါ်လည်း ရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာနေသလို လေကြောင်းကနေလည်း  ၂၆ ကြိမ် ဗုံးကြဲတိုက်ခိုက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ် တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့  မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်၊ Demoso Local PDF၊ PHEKON ZONE (KNDF)၊ PNDF(KK)၊ ရှမ်းတောင် PDF တပ်ရင်း-၈ စတဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေလည်း လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့  ကူညီထောက်ပံ့ပေးကြဖို့ တော်လှန်ရေးအင်အားစုဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013