DVB Logo
Home
မြန်မာသတင်း
အသက် ၁၈ နှစ်အရွယ် ဗကသကျောင်းသူ မဆုသွန်းပိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် အမိန့်ချ
DVB
·
March 31, 2023
အသက် ၁၈ နှစ်အရွယ် ဗကသကျောင်းသူ မဆုသွန်းပိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် အမိန့်ချ
Donate to DVB

အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မဆုသွန်းပိုင်ကို  စစ်ကောင်စီက  ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ် လိုက်ပါတယ်။

မဆုသွန်းပိုင်ကို မရမ်းကုန်းမြို့နယ်တရားရုံးကနေ မတရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ မတ် ၃၀ ရက်မှာ ခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။

ဗကသရဲဘော် မဆုသွန်းပိုင်ဟာ အခြေခံပညာအထက်တန်းကျောင်းသူတယောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်က စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

 မတ် ၂၂ ရက်တုန်းကလည်းမြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ မြေပြင်လှုပ်ရှားမှုရေးရာ တာဝန်ခံကိုကောင်းဆက်ပိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့နဲ့ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့သလို ဖေဖော်ဝါရီ ၉ ရက်ကလည်း အထက ၁၊ မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဋ္ဌ ကိုဟိန်းထက် (ခ) ကိုပိုပို ကို  ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တဘက်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဘယ်သူ့ကိုမဆို မတရားပုဒ်မတပ် ဖမ်းဆီးအရေးယူတာ၊ ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးကတည်းကနေ  မတ် ၃၀ ရက်အထိ အကျဉ်းထောင်တွေမှာ ၁၇,၀၆၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013