DVB Logo
Home
မြန်မာသတင်း
မော်တော်ယာဥ် ဖောင်းကြွနံပါတ်ပြားများ လဲရမည့်နောက်ဆုံးရက် နီးလာသဖြင့် လဲလှယ်သူများပြား
DVB
·
March 30, 2023
မော်တော်ယာဥ် ဖောင်းကြွနံပါတ်ပြားများ လဲရမည့်နောက်ဆုံးရက် နီးလာသဖြင့် လဲလှယ်သူများပြား
Donate to DVB

မော်တော်ယာဥ်တွေရဲ့ ဖောင်းကြွနံပါတ်ပြားအသစ်ကို မတ်လကုန်မှာ နောက်ဆုံးထားလဲ ရမယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတာကြောင့် ဒီရက်ပိုင်း ကညနရုံးတွေမှာ နံပါတ်ပြားလဲသူတွေ များပြားနေတယ်လို့ ယာဥ်မောင်းတွေထံက သိရပါတယ်။

ရန်ကုန်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)ရုံးတွေမှာ ဖောင်းကြွနံပါတ်ပြား လဲသူတွေနဲ့ ပြည့်နေပြီး အဲဒီရုံးတွေအနီးတဝိုက်မှာ ကားလမ်းပိတ်ဆို့မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“နံပါတ်ပြားမလဲရင် ဖမ်းမယ်ဆိုတော့ အသည်းအသန် လဲနေကြတာ။ နံပါတ်ပြားအသစ်ရဖို့ကို နာရီနဲ့ချီစောင့်ရတယ်”လို့ တက္ကစီယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

အခု လဲလှယ်ရတဲ့ ဖောင်းကြွနံပါတ်ပြားအသစ်မှာ ယာဥ်မှတ်ပုံတင်ထားတဲ့ မြို့နယ်ကိုယ်စားပြု ဂဏန်းနဲ့ ယာဥ်အမျိုးအစားတို့ ထပ်တိုးထည့်ထားတာ ဖြစ်ပါတယ်။

ဌာနဆိုင်ရာယာဥ်တွေ၊ မြို့တွင်းခရီးသည်တင်ယာဥ်တွေ၊ ကုန်တင်ယာဥ်နဲ့ တက္ကစီယာဥ်တွေအနေနဲ့ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး နံပါတ်ပြားအသစ်လဲဖို့နဲ့ ပုဂ္ဂလိကယာဥ်တွေအနေနဲ့ ယာဥ်မှတ်ပုံတင်သက်တမ်းတိုးချိန် ဖြစ်စေ၊ သက်တမ်းမကုန်ခင်ဖြစ်စေ အမြန်ဆုံးလဲလှယ်ဖို့ ကညနက ကြေညာထားတာ ဖြစ်ပါတယ်။

နံပါတ်ပြားမလဲရင် အရေးယူမယ်လို့လည်း သတိပေးထားပြီး ဘယ်လို အရေးယူမယ် ဆိုတာတော့ ဖော်ပြထားတာမရှိပါဘူး။

ဒါပေမဲ့ ယာဥ်မောင်းတွေကတော့ အရေးယူခံရမှာစိုးတဲ့အတွက် အိမ်စီးကားတွေကလည်း သက်တမ်းမကုန်ခင်မှာတင် သွားရောက်လဲလှယ်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013