DVB Logo
Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်သား ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ စွပ်စွဲခံနေရသဖြင့် NUG စိုးရိမ်
DVB
·
March 30, 2023
မီဇိုရမ်ပြည်နယ်သား ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍  မြန်မာနိုင်ငံသားများ စွပ်စွဲခံနေရသဖြင့်  NUG စိုးရိမ်
Donate to DVB

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သား ၃ ယောက် သတ်ဖြတ်ခံရမှုအပေါ် မြန်မာနိုင်ငံသားတချို့ကို စွပ်စွဲပြောဆိုမှုတွေ လူမှုကွန်ရက်တွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာကြောင့်  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ အိန္ဒိယမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် များစွာစိုးရိမ်မိတယ်လို့  ထုတ်ပြန်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်က မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ ထိစပ်တဲ့ နယ်စပ်တစ်နေရာမှာ မီဇိုရမ်ပြည်နယ်သား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲ ဒီအပေါ် NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူများစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

အမှုမှန်ပေါ်ပေါက်ပြီး ကျုးလွန်သူတွေကို ဖမ်းဆီးရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသန္တရအစိုးရနဲ့ တရားဥပဒေစိုးမိုးရေးဘက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ တရားနည်းလမ်းကျတဲ့ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုတွေကို အလေးအနက် ထောက်ခံကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာ ခိုလှုံနေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ ဒေသခံပြည်သူတွေနဲ့ အပြန်အလှန် လေးစားတန်ဖိုးထားမှုရှိတဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ပြီး ဒေသတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဆောင်ရွက်မှုတွေမှာ ပူးပေါင်းကူညီပေးကြဖို့လည်း NUG အစိုးရက တိုက်တွန်းထားပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ဝင်ရောက်ခိုလှုံနေသူ ၃၀၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာသူ အများစုဟာ ချင်းပြည်နယ်က ဖြစ်ကြပြီး မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထွက်ပြေးလာကြတာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ ၅၁၀ ကီလိုမီတာ အရှည်ရှိတဲ့ နယ်စပ်မျဉ်းကို မြန်မာနိုင်ငံနဲ့ တစ်ဘက်စီမျှဝေပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013