DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၁,၇၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
March 29, 2023
ရခိုင်ပြည်နယ်၌ မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၁,၇၀၀ ကျော်ဖိုး ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဇန်နဝါရီလမှ မတ်လ ၂၈ ရက်အထိ ပြီးခဲ့တဲ့သုံးလအတွင်း မူးယစ်ဆေးဝါး ကျပ်သန်းပေါင်း ၁,၇၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၄ ရက်က ဘူးသီးတောင်မြို့နယ် သရေကုန်းတန်းကျေးရွာအနီးမှာ လိုင်စင်မဲ့ဆိုင်ကယ် ၆ စီးကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးခဲ့ရာက ကျပ်သိန်း ၆၀၀ တန်ဖိုးရှိ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့သလို မတ်လ ၂၃ ရက်ကလည်း စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် ဆေးရုံလမ်းသွယ် ၂ မှာ မူးယစ်ဆေးဝါးနဲ့အတူ တရားခံကို ဖမ်းဆီးရမိခဲ့ပြီး ကျပ်သိန်း ၆၆,၈၄၀,၀၀၀ တန်ဖိုးရှိ အိုက်စ် အပါအဝင် ဆေးပြားအများအပြား ဖမ်းဆီးမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက်နဲ့ မတ်လ ၁၈ ရက်က သံတွဲမြို့နယ်မှာ ဆေးခြောက်နဲ့ အိုက်စ် အပါအဝင် လိမ္မော်ရောင်ဆေးပြား ၃၄၅,၂၀၀ ကျပ် တန်ဖိုး ဖမ်းဆီးရခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း မောင်တောမြို့နယ် ငန်း‌ချောင်းကျေးရွာမှာ ၁ ဒသမ ၅၀၁ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ပန်းတောပြင်ရဲကင်းစခန်းရှေ့မှာ သတင်းအရ စစ်ဆေးနေစဉ် ရွှေရင်အေးကျေးရွာနေ ဒေသခံတဦးထံမှ ကျပ်သိန်း ၅၇,၃၆၀,၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးမိခဲ့​ပါသေးတယ်။

ဖေဖော်ဝါရီ ၆ ရက်က မောင်တောမြို့ကနေ မလေးရှားနိုင်ငံဘက် လူမှောင်ခိုပို့ဆောင်တဲ့ လူကုန်ကူးသူတွေဆီက ကျပ်သိန်း ၃၃,၃၁၀,၀၀၀ တန်ဖိုးရှိ ဆေးပြားတွေကို ဥဒေါင်းကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီမူးယစ်ဆေးဝါး အများအပြားနဲ့အတူ လူ ၃၀ ထက်မနည်း ဖမ်းဆီးနိုင်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၇/၁၁၄၊ မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မ ၁၆(ဂ)/၂၂(ခ) တို့နဲ့ သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ တရားစွဲတင်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လက မောင်တောမြို့နယ် ကျီးကန်းပြင်စစ်ဆေးရေးဂိတ်မှာ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ ၂၀၂၂ ခုနှစ် ဧပြီလက အမ်းမြို့နယ် ပဲပဒုံစစ်ဆေးရေးစခန်းမှာ ကျပ် ၂၀ ဘီဘီယံတန်ဖိုးရှိ WY စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်ကလည်း ကာတန်ဖိုးငွေကျပ် ၅၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ၁၈ သန်းကျော်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဘူးသီးတောင်မြို့ မြို့မရပ်ကွက်နေ မွတ်ဆလင်မိသားစုထံမှ စိတ်ကြွဆေးပြား ၂ သန်း ၉ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၅,၇၀၀ ကျော် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013