DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
March 28, 2023
ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို မတ်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မောင်းပြန်လက်နယ်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု (CRC - PLA) က သိရပါတယ်။

(CRC - PLA) တပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက "ရဲစခန်းဝင်းထဲမှာ ဆယ်ယောက်လောက် ရှိပါတယ်။  အဆောက်အဦတွေထဲမှာလည်း စစ်သားယူနီဖောင်းနဲ့ မြင်ရပါတယ်။ ရဲတစ်ကောင် ကျတယ်လို့သိထားပါတယ်။ မြေပြင်ရဲဘော်ရဲ့သတင်းပို့ချက်ပါ။ ကျနော်တို့က ပစ်ပြီး ချက်ချင်းဆုတ်တာဆိုတော့ ထိခိုက်ကျဆုံးမသိလိုက်ပါဘူး" လို့ ပြောပါတယ်။

ညောင်ကုန်းတိုက်နယ် ရဲစခန်းထဲက စစ်ကောင်စီတပ်သားတွေက ပြန်ပစ်ခတ်တာမျိုးမရှိဘဲ အကုန်ထွက်ပြေးကြပြီး အနီးပတ်ဝန်းကျင်က ပြည်သူတွေကိုလည်း ထိခိုက်တာမရှိဘူးလို့ ပြောပါတယ်။

ညောင်ကုန်းတိုက်နယ်ရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရပြီးနောက် ပျော်ဘွယ်ဘက်ကနေ စစ်ကားတွေနဲ့ စစ်ကူတွေရောက်လာခဲ့သလို  ညောင်ကုန်းပတ်ဝန်းကျင်မှာ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပါတယ်။

ကိုအောင်ကျော်စိုးက " မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်အခေါ်က တပ်မတော်နေ့ပါ၊ ကျနော်တို့အတွက်ကတော့ တော်လှန်ရေးနေ့ပါ။ ဒီနေ့မှာကျနော်တို့ ပြည်သူတွေ သွေးမအေးသေးဘူးဆိုတာကို ပြချင်လို့ပါ။ နောက်တစ်ခုက ကျနော်တို့အလယ်ပိုင်းမှာလည်း တော်လှန်တယ်ဆိုတာကို စကစဘက်ကကော တခြားဒေသကပြည်သူတွေကော သိစေချင်လို့ပါ။ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေးကို ဆုံးခန်းတိုင် ဆင်နွှဲသွားပါမယ်"လို့ ပြောပါတယ်။

ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်က စစ်ကောင်စီက နေပြည်တော်မှာ စစ်ရေးပြနေချိန် မန္တလေးမြို့မှာလည်း ဗုံပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ရန်ကုန်နဲ့ တခြားနယ်မြို့တွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေအများအပြား ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013