DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေ
DVB
·
March 27, 2023
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေ
Donate to DVB

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ၁၁ ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ  အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီဟာ ကုန်သွယ်ရေး ပိုငွေပြနိုင်ဖို့ ပြည်ပကနေ သွင်းကုန်ပစ္စည်းတင်သွင်းမှုကို ရနိုင်သမျှ ထိန်းချုပ် ကန့်သတ်နေပေမဲ့ အခု ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းတဲ့ ပမာဏက ကန်ဒေါ်လာသန်း ၇၅၀ ကျော် ပိုများနေပြီး ကုန်သွယ်မှုလိုငွေပြမှု အမေရိ ကန်ဒေါ်လာ သန်း ၇၅၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။

စီးပွားကူးသန်း ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းအရဆိုရင် လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်   ဧပြီ ၁  ရက်ကနေ  မတ်လ ၁၇  ရက်နေ့အထိ  ၁၁ ကျော် ကာလအတွင်း မှာ  ပို့ကုန်ကို  ကန်ဒေါ်လာ ၁ ဒသမ ၃၆၉ ဘီလီယံဖိုး တင်ပို့ထားပြီး သွင်းကုန်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၀၅၉ သန်းထိ တင်သွင်းထားတာ တွေ့ရပါတယ်။

အခုနှစ် သွင်းကုန်ကဏ္ဍမှာ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကလွဲပြီး ကျန်တဲ့ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMP ပစ္စည်းတင်သွင်းမှုတို့မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင် အသီးသီးမြင့် တက်နေပါတယ်။

စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေကတော့  စစ်ကောင်စီလက်ထက်မှာ ငွေကြေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအပြောင်းအလဲတွေ များတာကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ မရေရာမှုတွေ ၊ လုပ်ငန်းစဉ် ကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “မြန်မာပြည်မှာ အလုပ်လုပ်ရတာက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းတတ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်နေရတာနဲ့ ရှေ့မရောက်ဘူး။ သွင်းကုန်လိုင်စင် တစ်စောင်ရဖို့ကို တော်တော်လေး ခက်ခဲတယ်။ ပို့ကုန်သမားလည်း ပို့ကုန်သမားအရောက် ဒီမူဝါဒ အပြောင်းအလဲ တွေကြောင့် အခက်အခဲရှိနေတာပဲ”လို့ ပြောပါတယ်။

အခုနှစ် ပို့ကုန်ကဏ္ဍမှာတော့ လယ်ယာထွက်ကုန်တင်ပို့မှု စုစုပေါင်းက ကန်‌ဒေါ်လာ ၃.၈ ဘီလီယံ၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၇၀၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ  ၃၂၈ သန်း၊ အခြားပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၄၀၀ ကျော် အသီးသီးရှိခဲ့ပြီး  ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် လယ်ယာထွက်ကုန်မှာ ကန်ဒေါ်လာ သန်း ၄၀ကျော်၊ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန် ဒေါ်လာ သန်း၆၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ အခြားပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် ကာလတူထက်  အသီးသီး လျော့ကျနေပါတယ်။

စက်မှုကုန်ချောပစ္စည်းနဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုတို့မှာတော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု ထက် ပိုမြင့်တက်နေတာတွေ့ရပြီး စက်မှုကုန်ချောပစ္စည်းက ကန်ဒေါ်လာ   ၂ ဒသမ ၁ ဘီလီယံ ကျော်၊ တိရတ္ဆန် ထွက်ပစ္စည်းက ကန်ဒေါ်လာ ၁၂ သန်းကျော် ပိုတင်ပို့ထားပါတယ်။

ပို့ကုန်ကဏ္ဍမှာလည်း  နိုင်ငံခြားငွေကို ကျပ်ငွေမဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ မူဝါဒအပြင် လုပ်ထုံး လုပ်နည်း စည်းမျဉ်း အပြောင်းအလဲများစွာကြောင့် လုပ်ငန်းစဉ် နှောင့်‌နှေးမှုတွေရှိနေပြီး၊ လမ်းပိုင်းလုံခြုံရေး အခြေအနေအခက်အခဲ‌‌တွေကြောင့်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်။  ဒါ့အပြင်  လျှပ်စစ်မီးပြတ်တောက်မှုကလည်း  လုပ်ငန်းလည်ပတ်မှုတွေအပေါ် ကြီးမားတဲ့ အဟန့်အတား ဖြစ် နေပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တယောက်က “မူဝါဒအပါအဝင် ပြဿနာတွေက အများကြီးပဲ။ လမ်းပိုင်းလုံခြုံရေး ပြဿနာလည်းပါတယ်။ သတိထားပြီး သွားလာနေရတယ်၊ အချိန်ကြန့်ကြာတာပေါ့ ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ အခြအနေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဘီလီယံ  ၃၀ ကျော်အသီးရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ၁၁ လကျော် ကာလမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော် ရှိထားပါတယ်။ 

ဒီကိန်းဂဏန်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ဘီယီယံနဲ့ချီပြီး လျော့ကျနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013