DVB Logo
Home
မြန်မာသတင်း
ဗန်းမော်မြို့နယ်၌ စစ်ကောင်စီက ၂ နှစ်စာ အခွန်ကောက်နေသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
March 26, 2023
ဗန်းမော်မြို့နယ်၌ စစ်ကောင်စီက ၂ နှစ်စာ အခွန်ကောက်နေသဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အခွန်ဦးစီးဌာနနဲ့ စည်ပင်သာယာဌာနဝန်ထမ်းတွေက ပြည်သူလူထုတွေထံကနေ နှစ်ဟောင်းက ကြွေးကျန် အခွန်အခတွေကို  လိုက်လံကောက်ခံနေပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်တာ ကာလ အတွင်း အခွန်အခ လိုက်လံကောက်ခံတာမရှိပဲ ၂၀၂၃ ခုနှစ် မတ်လပိုင်းကျမှ ၂ နှစ်စာ စုပေါင်းပြီး ပြန်လည်ကောက်ခံနေတာဖြစ်တဲ့အတွက် အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက "အရင် မကောက်ခဲ့တဲ့ အခွန်အခတွေ ခုမှ နှစ် နှစ်စာ ပေါင်းပြီး ဆောင်ခိုင်းတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အမြတ်ခွန်  အိမ်ခွန်  စတာတွေကို နှစ် နှစ်စာ ပေါင်းပြီး ဆောင်ခိုင်းတယ်။ လူတွေ က စီးပွားရေးကျပ်တည်းနေတာကို အခွန်အခတွေ စုပေါင်းပြီး ဆောင်နေရမယ်ဆိုရင် အဆင်မပြေဘူး "လို့ ပြောပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ အမြတ်ခွန်ကိုတော့ မြို့နယ်အခွန်ဦးစီးဌာနကနေ အခွန်လာရောက်ဆောင်ဖို့ ဖုန်းဆက်အကြောင်းကြားတာဖြစ်ပြီး နေအိမ်ခွန် လုပ်ငန်းခွန်ကိုတော့ စည်ပင်သာယာ NON CDMဝန်ထမ်းတွေက အရပ်ဝတ်တွေနဲ့ နေအိမ်တွေမှာ လိုက်လံကောက်ခံနေတာပါ။

အမြတ်ခွန်ကိုတော့ ဆိုင်အကြီးအသေး ပေါ်မူတည်ပြီး ကျပ် ငါးသောင်းကနေ သိန်းဆယ်ဂဏန်းအထိ ပေးဆောင်ရတဲ့ ဆိုင်တွေရှိပြီး ၂  နှစ်စာ တစ်ပါတည်း မပေးဆောင်နိုင်ပါက နှစ်ကြိမ် ခွဲပေးရမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013