DVB Logo
Home
မြန်မာသတင်း
ဗဟန်းတွင် တက္ကစီယာဉ်မောင်း ၁ ဦး သတ်ဖြတ် ကားလုခံရ
DVB
·
March 24, 2023
ဗဟန်းတွင် တက္ကစီယာဉ်မောင်း ၁ ဦး သတ်ဖြတ် ကားလုခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို ၂ ရပ်ကွက်၊ နတ်မောက်လမ်းသွယ်ထဲမှာ မတ်လ ၂၃ ရက် မနက် ၆ နာရီခွဲလောက်က ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူ အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦး ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲ့ဒီနေ့ မနက်အစောပိုင်း ၂ နာရီလောက်မှာ ခွေးဟောင်သံတွေ ကြားခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေက ပြောကြပြီး ရုပ်အလောင်းကို မနက်ပိုင်းမှာ ရှာတွေ့ခဲ့တာပါ။

သေဆုံးသူနဲ့အတူ လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ MI အမျိုးအစား စမတ်ဖုန်းတလုံး တွေ့ရှိခဲ့ကာ အဲ့ဒီဖုန်းကနေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရခဲ့ပြီး  မတ်လ ၂၂ ရက်နေ့ကတည်းက ချယ်ရီ QQ အမျိုးအစားယာဉ်နဲ့ တက္ကစီမောင်းထွက်သွားခဲ့တာလို့ သိရပါတယ်။

သေဆုံးသူရဲ့လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းကွဲအက် ဒဏ်ရာတွေနဲ့ တွေ့ရှိရပြီး ယာဉ်အမှတ် MDY CC 5489 တပ်ဆင်ထားတဲ့ တက္ကစီကတော့ ပျောက်ဆုံးနေပါတယ်။

“မနေ့က ၆ နာရီခွဲလောက်မှာ ရောက်‌တော့ အမျိုးသားတဦးက မှောက်ရက်ပုံစံနဲ့ သေဆုံးနေပါတယ်။ လည်ပင်းမှာ ကြိုးနဲ့ MI ဖုန်းလေး သိုင်းထားတယ်။ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေ့တယ်။ ဦးခေါင်းကွဲဒဏ်ရာတွေ့တယ်။ သူ့အမျိုးသမီးနဲ့ အဆက်အသွယ်ရလို့ ဖုန်းပြောကြမှ ကားပါတယ်တဲ့၊ ကားပျောက်နေတာမှန်း သိတာ။ တက္ကစီကားပါ” လို့ မြို့ခံ ပရဟိတအသင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ တက္ကစီ ယာဉ်မောင်းဖြစ်သူကို အုပ်စုဖွဲ့ထိုးကြိတ်ပြီး တက္ကစီလုယက်မှု ၂ ခု မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာနဲ့ ပုလဲမြို့သစ်တွေမှာ ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013