DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးသဘောတူ လက်မှတ်ထိုး
DVB
·
March 24, 2023
တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးသဘောတူ လက်မှတ်ထိုး
Donate to DVB

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တွေဟာ နေပြည်တော်မှာ စစ်ကောင်စီလက်အောက်ခံ  ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ၂ ရက်ကြာတွေ့ဆုံပြီးနောက် မတ်လ ၂၃ ရက်က သဘောတူညီချက်တွေ အတည်ပြု လက်မှတ်ရေးထိုးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ ဆွေးနွေးပွဲ ပထမနေ့ မတ်လ ၂၂ ရက်မှာ ဒေသဖွံ့ဖြိုးရေးကိစ္စ၊  ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ  ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခြေခံကျတဲ့ ပုဒ်မတွေ ပြင်ဆင်နိုင်ရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ဆိုပါတယ်။

မေလ ၂၃ ရက် ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲမှာတော့ ပထမနေ့ ဆွေးနွေးပွဲက မပြီးပြတ်သေးတဲ့ ကိစ္စတွေ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်တွေနဲ့ အထွေထွေကိစ္စရပ်တွေ ဆွေးနွေးခဲ့ပြီးနောက် နှစ်ရက်တာဆွေးနွေး ညှိနှိုင်းချက်အရ နှစ်ဖက် သဘောတူညီချက်တွေ ရယူကြပြီး အပြီးသတ်ရရှိလာတဲ့  သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ကြတယ်လို့ဆိုပါတယ်။

လက်မှတ်ထိုးခဲ့တဲ့ နှစ်ဖက် သဘောတူညီချက်တွေထဲမှာ ဘာတွေ ပါဝင်လဲဆိုတာကတော့   စစ်ကောင်စီသတင်းမှာ ထည့်သွင်းဖော်ပြတာ မရှိပါဘူး။

ဆွေးနွေးပွဲကို  UWSP ဒုဥက္ကဋ္ဌ  ဦးလော့ယာကု၊ NDAA ဒုဥက္ကဋ္ဌ ဦးစန်ပေ့၊ SSPP ဗဟိုကော်မတီဝင် စဝ်ဆေပိုင်ဖနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စား လှယ်တွေတက်ရောက်ကြပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့အဖွဲ့တက်ရောက်ခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆယ်စုနှစ်တွေနဲ့ချီ တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလက်ခံပြီး နေပြည်တော်ကို အကြိမ်ကြိမ်သွားရောက်တာ ဖြစ်ပြီး သိသာထင်ရှားတဲ့ ရလဒ်တွေကတော့ တခုမှ ရရှိတာ မရှိသေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်း၊ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကောင်စီကို အသိအမှတ်မပြုသလို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကိုလည်း လက်မခံပဲ ပယ်ချထားပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013