DVB Logo
Home
မြန်မာသတင်း
ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက အဓမ္မငွေကောက်ခံ၊ တအိမ်တယောက် သင်္ကြန်လည်ရမည်ဟုဆို
DVB
·
March 23, 2023
ရန်ကုန်သင်္ကြန်အတွက် စစ်ကောင်စီက အဓမ္မငွေကောက်ခံ၊ တအိမ်တယောက် သင်္ကြန်လည်ရမည်ဟုဆို
Donate to DVB

ရန်ကုန်မြို့မှာ ရပ်ကွက်အခြေပြု စက်ရုံ အလုပ်ရုံတွေကနေ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် ငွေကြေးကောက်ခံနေပြီး ရပ်ကွက်အပိုင်တခုကို ကျပ် သိန်း ၂၀ သတ်မှတ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့လက်ထက်မှာ ဒုတိယအကြိမ်မြောက်ကျင်းပမယ့် သင်္ကြန်ကို အရင်နှစ်ကထက် ပိုမိုစည်ကားအောင် ပြုလုပ်နေပြီး ကုန်ကျစရိတ်တွေအတွက် ရပ်ကွက်အခြေပြု စက်ရုံအလုပ်ရုံတွေကနေ အနည်းဆုံး ကျပ် ၂ သိန်းကနေ ကျပ် ၄ သိန်းအထိ ကောက်ခံနေတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်မှ စက်ရုံဝန်ထမ်းတဦးက“ဒီနေ့ ရပ်ကွက်ရုံးကို သွားပေးရတယ်။ ရပ်ကွက်တခုမှာ စက်ရုံ ၄ ခုရှိရင် သိန်း ၂၀ ပြည့်အောင် မျှခံရတယ်။ တချို့ရပ်ကွက်တွေကျတော့ စက်ရုံ ၁ ရုံ၊ ၂ ရုံလောက်ပဲရှိရင် အုပ်ချုပ်ရေးမှူးတွေက ခေါင်းစဉ်တခုတပ်ပြီး သိန်း ၂၀ ပြည့်အောင် ရပ်ကွက်ပြည်သူတွေဆီက ပြန်ကောက်ပြီး ဖြည့်ပေးနေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီလို စက်ရုံတွေက ကောက်ခံရရှိတဲ့ ငွေကြေးတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို သွားရောက်ပေးဆောင်ရတာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကနေ ဘယ်ကို သွားရောက်ပေးဆောင်ရမယ် ဆိုတာကိုတော့ မသိရဘူးလို့ သူက ဆက်လက်ပြောဆိုပါတယ်။

ရပ်ကွက်အခြေပြု စက်ရုံအလုပ်ရုံတွေကတော့ ဒီနေ့မှာ သတ်မှတ်ထားတဲ့ ငွေကြေးကို ပေးဆောင်နေရပေမဲ့ စက်မှုဇုန်တွေက စက်ရုံ အလုပ်ရုံတွေထံက ငွေကြေးကောက်ခံခြင်း ရှိ မရှိ ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် သင်္ကြန်မှာ ရပ်ကွက်နေပြည်သူတွေအနေနဲ့ တအိမ်တယောက် မဖြစ်မနေ သင်္ကြန်လည်ဖို့အတွက် လိုက်ပါရမှာဖြစ်ပြီး အဲ့ဒီညွှန်ကြားချက်ကတော့ လက်ရှိမှာ တရားဝင် မပြောဆိုသေးဘဲ သင်္ကြန်ကျင်းပမယ့် ရက်ပိုင်းအလိုမှ ပြန်လည်အတည်ပြုပေးမယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ မနှစ်ကလိုပဲ ရန်ကုန်မှာ မြို့တော်ခန်းမရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ မဏ္ဍပ်တွေတည်ဆောက်ပြီး ပျော်ပွဲရွှင်ပွဲတွေ ထည့်သွင်းကာ စည်ကားနေတာတွေပြုလုပ်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ပုဂ္ဂလိက မဏ္ဍပ်တွေ တည်ဆောက်ရင်လည်း အခွန်အခပေးဖို့ မလိုဘူးလို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013