DVB Logo
Home
မြန်မာသတင်း
ပြင်သစ်သံအမတ်ကြီး ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်
DVB
·
March 16, 2023
ပြင်သစ်သံအမတ်ကြီး ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းသို့ သွားရောက်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို မတ် ၁၅ ရက်မှာ  ပြင်သစ်သံအမတ်ကြီး မာရီမတ်စ်ဒူပေးနဲ့အဖွဲ့ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒုက္ခသည်စခန်း တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဒုက္ခသည်စခန်းတာဝန်ရှိသူတဦးက “သူ အဓိကထား ဆွေးနွေးတာက ဒုက္ခသည်တွေ လုံခြုံရေးပါ။ ဒုက္ခသည်စခန်းတွေက ကျယ်ပြန့်တော့ ဒုက္ခသည်တွေကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေက ခိုလှုံနေကြတာ။ ဘင်္ဂလားအစိုးရလည်း လက်တွေ့မှာ ဘယ်လိုမှ ကာကွယ်မပေးနိုင်ဘူး။ အဲဒါကို ကျနော်တို့ဘက်က အဓိက တင်ပြခဲ့ကြတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီးဟာ ဒုက္ခသည်စခန်းရဲ့ အဓိကစိန်ခေါ်မှု ဖြစ်တဲ့ လုံခြုံရေး၊ ကာကွယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ဆောင်မှုတွေအပြင် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး၊ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် UNHCR ရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေဟာ ဆင်းရဲဒုက္ခတွေ၊ ဘက်စုံအခက်အခဲတွေ၊ မီးရှို့ မီးလောင်ခံရမှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုပေါင်း များစွာနဲ့ ကြုံတွေ့နေရတာတွေကို တင်ပြခဲ့ကြတယ်လို့ ဒုက္ခသည်တွေဆီက သိရပါတယ်။

စစ်ကောင်စီကစေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာလည်း မတ် ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013