DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုပိုင် ဂန္ဓမာ Wholesale အပါအဝင် လုပ်ငန်း ၅ ခုကို အမည်ပျက်စာရင်းထပ်သွင်း၊ စုစုပေါင်း ၂၀၀ ကျော်ရှိလာ
DVB
·
March 15, 2023
စစ်အုပ်စုပိုင် ဂန္ဓမာ Wholesale အပါအဝင် လုပ်ငန်း ၅ ခုကို အမည်ပျက်စာရင်းထပ်သွင်း၊ စုစုပေါင်း ၂၀၀ ကျော်ရှိလာ
Donate to DVB

မြန်မာအကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဂန္ဓမာ wholesale အပါအဝင် လုပ်ငန်း ၅ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံအမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက်မှာ အမည်ပျက်စာရင်းသွင်းခံထားတဲ့ လုပ်ငန်းပေါင်း ၂၁၂ ခုထိ ရှိလာပါတယ်။

အဆိုပါ လုပ်ငန်း ၅ ခုထဲမှာတော့ ဂန္ဓမာ wholesale နဲ့အတူ နေပြည်တော် Wholesale ၊ ပုသိမ်မြို့က The Angel Bistro ၊ ရန်ကုန်မြို့က Five Star Compound (Yangon) ၊ Five Star Port နဲ့ Thateka Wharf (Yangon) တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ၂၀၀ ကျော်ထဲမှာ အများစုကတော့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးချိတ်ဆက်မှု၊ လက်နက်၊ ဒါမှမဟုတ် တခြားစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ ဖြစ်ပြီးတော့ စစ်အုပ်စု ရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာ ထုတ်ကုန်တွေ၊ အမှတ်တံဆိပ်တွေကို လူတစ်ဦးချင်း၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအနေနဲ့ အဆိုပါကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူခြင်းကနေ ရှောင်ရှားနိုင်စေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ပိုင်နဲ့ ထိန်းချုပ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ ၀င်ငွေရင်းမြစ်တွေဖြစ်ကာ သူတို့ဆီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူခြင်းက စစ်အုပ်စုရဲ့၀င်ငွေကို တိုးမြင့်စေပြီး ဒီငွေတွေကို သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရန်ပုံငွေ၊ စစ်ရေးစွမ်းရည်ကို တည်ဆောက်ဖို့နဲ့ သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖန်မနာက “ဒီစာရင်းဟာ မြန်မာနိုင်ငံက ပြည်သူတွေကို စစ်တပ်ကို ငွေကြေးထောက်ပံ့တာကို ရှောင်ရှားနိုင်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ငွေကြေး ထောက်ပံ့ခြင်းမပြုကြောင်း သေချာစေဖို့ သံရုံးတွေ၊ ကုမ္ပဏီတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ အသုံးပြုသင့်ပါတယ်။ မြန်မာနိုင်ငံက သံရုံးတွေ၊ အကူအညီပေးရေးဆိုင်ရာ အလှူရှင်တွေ အားလုံးအနေနဲ့လည်း စစ်အုပ်စုနဲ့ ဆက်စပ်ကုမ္ပဏီတွေဆီကနေ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မဝယ်ရဘူးဆိုတဲ့ မူဝါဒတွေ ရှိသင့်တယ်။” လို့ ပြောပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့က အမည်ပျက်စာရင်းသွင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ဆက်စပ်စီးပွားရေးလုပ်ငန်းတွေထဲမှာ  ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ စီးကရက်အမှတ်တံဆိပ်တွေ၊ အဝတ်အထည်တွေ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးနဲ့ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ စက်မှုဇုန်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာ ကုန်သွယ်မှု၊ ထုတ်လုပ်ရေးလုပ်ငန်း၊ မီဒီယာ၊ လက်လီလုပ်ငန်းတွေ၊ ကုန်သွယ်မှုနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ စတဲ့ ကဏ္ဍတွေ အသီးသီးက လုပ်ငန်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။အမည်ပျက်စာရင်းသွင်းခံ ကုမ္ပဏီများစာရင်း အပြည့်အစုံကိုတော့ https://burmacampaign.org.uk/media/The-Boycott-List.pdf ဝက်ဆိုက် လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013