DVB Logo
Home
မြန်မာသတင်း
စစ်တွေတက္ကသိုလ်ကျောင်းသူ ၁ ဦးကို ဆရာမက ကိုယ်ထိလက်ရောက်စော်ကားမှု ကျောင်းသား သမဂ္ဂရှုတ်ချ
DVB
·
March 14, 2023
စစ်တွေတက္ကသိုလ်ကျောင်းသူ ၁ ဦးကို ဆရာမက ကိုယ်ထိလက်ရောက်စော်ကားမှု ကျောင်းသား သမဂ္ဂရှုတ်ချ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ် Day စာမေးပွဲအခန်းထဲမှာ မေးခွန်းလဲလှယ်တဲ့ ဒဿနိကဗေဒမေဂျာ ပထမနှစ်ကျောင်းသူတဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက် ရိုက်ပုတ်စော်ကားမှု ဖြစ်ပွားခဲ့တယ်လို့ စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံက သိရပါတယ်။

အခုလို ကျောင်းသူတဦးကို အခန်းစောင့်ဆရာမက ကိုယ်ထိလက်ရောက်စော်ကားတဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း၊ တက္ကသိုလ်အာဏာပိုင်တွေအနေနဲ့ အရေးယူဖြေရှင်းပေးဖို့ စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မတ်လ ၁၃ ရက်မှာ တရားဝင် ထုတ်ပြန် တောင်းဆိုထားတာပါ။

စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တာဝန်ရှိသူတဦးက “ဒီသတင်း ဟုတ် မဟုတ် မှန်မမှန်ကို ကာယကံရှင် ကျောင်းသူကို ကျနော်တို့ ဆက်သွယ်မေးမြန်း အတည်ပြုပြီးမှ သတင်းထုတ်ပြန် တောင်းဆိုထားတာ။ စာမေးပွဲစည်းကမ်းနဲ့ လုံးဝမကိုက်ညီတဲ့လုပ်ရပ် ဖြစ်နေတယ်။ လူပုံအလယ်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်တာဆိုတော့ အဲဒီကျောင်းသူရဲ့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်သွားနိုင်တယ်” လို့ ပြောပါတယ်။

မတ်လ ၁၃ ရက်က စစ်တွေတက္ကသိုလ် စာမေးပွဲအခန်းနံပါတ် ၄၁၅ မှာ စာမေးပွဲဖြေဆိုနေကြစဉ် ဒဿနိကဗေဒမေဂျာမှ ကျောင်းသူအချင်းချင်း တဦးနဲ့တဦး မေးခွန်းလဲလှယ်မိခဲ့တာကြောင့် အခန်းစောင့်ဆရာမက မခံမရပ်နိုင်အောင် ဆဲဆိုကြိမ်းမောင်းပြီး ကျောင်းသူတဦးကို ကိုယ်ထိလက်ရောက် ပါးကိုရိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုယ်ထိလက်ရောက် ရိုက်နှက်ခံခဲ့ရသူမှာ ဒဿနိကဗေဒမေဂျာမှ ပထမနှစ်ကျောင်းသူတဦး ဖြစ်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်သူမှာ ရူပဗေဒဌာနမှ တွဲဘက်ပါမောက္ခ ဆရာမတဦး ဖြစ်ကြောင်း စစ်တွေတက္ကသိုလ်ကျောင်းသားများသမဂ္ဂက မေလ ၁၃ ရက် သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

မတ်လ ၁၄ ရက်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဆရာမ၊ ကာယကံရှင် ကျောင်းသူနဲ့ တခန်းတည်း ဖြေဆိုနေခဲ့ကြသူ ကျောင်းသူကျောင်းသားတွေကို တွေ့ဆုံမေးမြန်းပြီး ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ စစ်တွေတက္ကသိုလ် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အခန်းစောင့်ဆရာမကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။ စစ်တွေတက္ကသိုလ် (Day) စာမေးပွဲကို မတ်လ ၉ ရက်ကနေ ၁၆ ရက်အထိ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013