DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တရားမဝင် ကျောက်စိမ်းတူးလုပ်ငန်းများကို စစ်ကောင်စီတပ်မမှူးက ဆက်ကြေးယူပြီး လုပ်ခွင့်ပြု
DVB
·
March 8, 2023
ဖားကန့်တွင် တရားမဝင် ကျောက်စိမ်းတူးလုပ်ငန်းများကို စစ်ကောင်စီတပ်မမှူးက ဆက်ကြေးယူပြီး လုပ်ခွင့်ပြု
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို အာဏာသိမ်းစစ်ကောင်စီက ကျပ်ငွေသိန်းရာနဲ့ချီ ဆက်ကြေးယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်စီစာမှော်နဲ့ ကုဋေမှော်တွေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို မတ်လ ၆ ရက်က စတင်ပြီး စစ်ကောင်စီတပ်ရဲ့ နယ်မြေခံ တပ်မမှူးက ခွင့်ပြုပေးခဲ့တာလို့ လုပ်ငန်းရှင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလို လုပ်ခွင့်ရဖို့  ကုမ္ပဏီကြီးငယ်အလိုက် ကျပ် သိန်း ၁၅၀ ကနေ သိန်း ၅၀၀ အထိ တပ်မမှူးကြီးကို သွားရောက်ဂါရဝပြုခဲ့ရတယ်လို့လည်း အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။ အခုလိုပေးခဲ့ရတာကလည်း တပ်မမှူးကို ပေးနေကျ လစဉ်ကြေးနဲ့မဆိုင်ဘဲ လတ်တလော အလုပ်တွေ နားခိုင်းထားတာကို ပြန်ခွင့်ပြုအောင်လို့ ပေးရတာလို့လည်း လုပ်ငန်းရှင်က ဆိုပါတယ်။

“ကုမ္ပဏီအကြီးဆို သိန်းငါးရာ၊ အလတ်ဆိုရင် သိန်းနှစ်ရာ၊ အသေးဆုံးကတော့ သိန်းတရာ့ငါးဆယ် ပေးရတယ်။ အားလုံဆို ဆိုက်စုစုပေါင်း နှစ်ဆယ်လောက် ရှိမယ်ဗျ၊ ဒါက လစဉ်ကြေးနဲ့မဆိုင်ဘူး။ သက်သက်ဂါရဝကြေးပေးရတာပါ။”

မတ်လ ၇ ရက်ကစပြီး တရားမဝင် ကျောက်တူးလုပ်ငန်းအားလုံး ပြန်လည်စတင်နေပြီလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ အရင်က ညဘက်တွေမှာသာ ခွင့်ပြုထားပြီးဒီနေ့တော့ နေ့ခင်းဘက်တွေမှာလည်း တူးဖော်လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခု အလုပ်တွေ ပြန်စနေပြီ၊ နေ့ခင်းတောင် တူးခွင့်ပြုနေပြီ ထင်တယ်။ မန၊ ဝိုင်တီတီ၊ ဖားပြင်၊ မမုံ၊ ကရင်ချောင် အကုန်ပြန်တူးနေကြပြီနော်။ အရင်ထက်တောင် ဆိုးတယ်ဗျ၊ ခုက နေ့ခင်းဘက်ပါ တူးနေကြပြီ”လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စစ်ကောင်စီ လက်အောက်ခံ သယံဇာတဌာနက တရားဝင်တားမြစ်ထားပေမဲ့ လုပ်ငန်းရှင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တူးဖော်နေခဲ့တာ တနှစ်ကျော်ကြာခဲ့ပါပြီ။

အာဏာသိမ်းစစ်ကောင်စီဟာ ဖားကန့်မှာ အင်တာနက်ဖြတ်တောက် သတင်းအမှောင်ချတာ စစ်ရေးကြောင့် မဟုတ်ဘဲ တရားမဝင်ကျောက်စိမ်းတူးဖော်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်ဖို့ ဖြတ်တောက်တာလို့ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက  သတင်းဌာနတခုကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013