DVB Logo
Home
မြန်မာသတင်း
စမွတ်ပရကန်တွင် မြန်မာလုပ်သားချင်း ပုဆိန်ဖြင့် ခုတ်
DVB
·
March 6, 2023
စမွတ်ပရကန်တွင် မြန်မာလုပ်သားချင်း ပုဆိန်ဖြင့် ခုတ်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပဒဲန်းမြို့နယ်ထဲမှာ မတ်လ ၅ ရက် မနေ့ညက မြန်မာရွှေ့ပြောင်းလုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ပုဆိန်နဲ့ခုတ်လို့ အခုတ်ခံရသူမှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ချနယ်လ် ၈ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ဖရပဒဒန်းမြို့၊ ဘန်းကျတ်ရပ်ကွက်၊ ဆုခ်ဆဝဒီလမ်းထဲရှိ စနုတ်ကာကစားခန်းထဲမှာ လူတယောက် ပုဆိန်နဲ့အခုတ်ခံရကြောင်း သတင်းပေးချက်ရတဲ့အတွက် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖရပဒဲန်းနယ်မြေ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အသက် ၄၀ ခန့်အရွယ်ရှိ မြန်မာလုပ်သားတယောက် နောက်ကျောနဲ့ ဦးခေါင်းမှာ ခုတ်ရာတွေနဲ့ ဒဏ်ရာပြင်းထန်စွာရရှိတာတွေ့လို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

အနီးနားရှိ မျက်မြင်သက်သေတွေပြောပြချက်အရ လူနာဟာ ပုဆိန်နဲ့အခုတ်ခံရတာဖြစ်ကြောင်း၊ ဒီမတိုင်ခင်ရှေ့က အဆိုပါစနုတ်ကာခန်းထဲမှာ မြန်မာလုပ်သား နှစ်ယောက်အတူရှိနေခဲ့ကြောင်း၊ စကားပြောရင်းက အငြင်းအခုံဖြစ်ကြရာက တယောက်က အပြင်ကိုထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ခဏအကြာ သူပြန်ဝင်လာတော့ လက်ထဲမှာ ပုဆိန် တလက်ပါကိုင်လာပြီး သူနဲ့ငြင်းခုံနေသူကို  အနောက်ကနေ ဝင်ခုတ်ကြောင်း ၊ ၃ ချက်ခုတ်ပြီး အနားကလူတွေ ဝိုင်းဆွဲတာကြောင့် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

တရားခံဟာ အပေါ်ပိုင်းဗလာ ၊ ဘောင်းဘီတိုအနက်ရောင်ဝတ်ထားပြီး အသားအရောင် နီစပ်စပ်နဲ့ အရပ်အမြင့် ၁၆၅ မှ ၁၇၀ စင်တီမီတာခန့်မြင့်တယ်လို့ ဆိုပါတယ် ။ 

ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးအရေးယူဖို့အတွက် စီစီကင်မရာအထောက်အထားနဲ့ အနီးနား တဝိုက်ကို စစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013