DVB Logo
Home
မြန်မာသတင်း
ကော်ဘရာစစ်ကြောင်းအတွက် “ငါတို့နိုင်မှာ” ကမ်ပိန်းလက်မှတ်ဝယ်ယူနိုင်
DVB
·
March 5, 2023
ကော်ဘရာစစ်ကြောင်းအတွက် “ငါတို့နိုင်မှာ” ကမ်ပိန်းလက်မှတ်ဝယ်ယူနိုင်
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ချေမှုန်းတိုက်ခိုက် လက်စွမ်းပြနေတဲ့ ကော်ဘရာစစ်ကြောင်းအတွက်ပြုလုပ်တဲ့ “ငါတို့နိုင်မှာ” ကမ်ပိန်းလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၅၀၀၀၀ နဲ့ ပါဝင်ထောက်ပို့နိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါဟာ တောင်ပိုင်းဒေသမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်တွေ သတိထားရတဲ့ စစ်ကြောင်းတစ်ခုဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ ပထမဆုံးကမ်ပိန်းဖြစ်ပြီး ဒီကမ်ပိန်းအစီစဉ်ကို  ကော်ဘရာနဲ့အတူ We Love Myanmar Family [ WLMF ] နဲ့ Ride Behind Kalaw [ RBK ] ထောက်ပို့အဖွဲ့စည်းတွေက ပူးပေါင်းစီစဉ်ကြပြီး နိုင်ငံပေါင်း ၂၀ ကျော်က NUG အစိုးရအသိမှတ်ပြု Fund Raiser တွေ ပါဝင်အားဖြည့်ကူညီပေးကြမှာ ဖြစ်ပါတယ်။

အချိန် ၁၅ ရက်ကြာ ပြုလုပ်မယ့် ဒီကမ်ပိန်းလက်မှတ်ဝယ်ယူကြတဲ့ ထောက်ပို့ပြည်သူတွေကိုတော့ စစ်ကြောင်းမှူး ဗိုလ်တာဘော၊ ဒု စစ်ကြောင်းမှူး ကိုစောကော်တို့ရဲ့ မန်ချက်စတာယူနိုက်တက် ဂျာစီအင်္ကျီ နှစ်ထည်နဲ့အတူ ကော်ဘရာစစ်ကြောင်းရဲ့ အချစ်တော်ဂစ်တာလေးကိုပါ စုပေါင်းပြီး ကံစမ်းမဲဖောက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကမ်ပိန်းမှာ ပါဝင်ထောက်ပံ့လိုသူတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံအလိုက်ငွေကြေးတွေအပြင် Crypto ငွေကြေး၊ NUGPay စတဲ့ ငွေပေးချေမှုပုံစံတွေနဲ့ပါ ဆက်သွယ်ဝယ်ယူနိုင်မယ်လို့ ကြေညာထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းကရော၊ မြေပြင်ကပါ တိုက်ခိုက်နေမှုတွေကို ရရာနည်းလမ်းနဲ့ ခုခံတိုက်ခိုက်ဖို့ရာမှာလည်း လက်နက်ရိက္ခာလိုအပ်ချက်တွေ ရှိနေသလို တပ်အင်အားတိုးချဲ့မှုလုပ်ငန်းတွေ၊ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ပြည်သူတွေဘက်က တတ်အားသမျှ ထောက်ပံ့ကူညီနိုင်ရေးဟာလည်း အရေးပါနေပါတယ်။

ပါဝင်ထောက်ပို့ပါဝင်လိုသူတွေ အနေနဲ့ ဖော်ပြပါ နိုင်ငံအလိုက် ဖေ့စ်ဘွတ်ခ်လင့်ခ်တွေကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

📌ကံစမ်းမဲဝယ်ယူရန် - www.wlmf.org/projects/cobra

📌 Chuffed ကနေပဲ တိုက်ရိုက်ကူမယ်ဆို - https://chuffed.org/project/cobra

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013