DVB Logo
Home
မြန်မာသတင်း
ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ မှတ်ပုံပြန်တင်
DVB
·
February 28, 2023
ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ မှတ်ပုံပြန်တင်
Donate to DVB

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဟာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရခိုင့်ဦးဆောင်ပါတီဟာ ရခိုင်ပြည်နယ်က ပါတီကြီး ၃ ခုအနက် ပထမဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီ ဖြစ်လာပါတယ်။

ရခိုင့်ဦးဆောင်ပါတီဟာ အရင်ကတည်းက ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုထား‌ပေမဲ့ အခု မှတ်ပုံတင်လျှောက်ထားပြီးနောက် ပါတီတွင်းပြင်ဆင်မှုတွေကို သိရဖို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ ၃ အရ လျှောက်ထားတဲ့ပါတီ ၄ ပါတီရှိပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ၂၅ အရ လျှောက်ထားတဲ့ပါတီ ၉ ပါတီရှိကာ လျှောက်လွှာတင်ထားတဲ့ ပါတီစုစုပေါင်း ၁၃ ပါတီ ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲဒီ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီအနက် ပြည်ထောင်စုတခုလုံး စည်းရုံးမယ့်ပါတီ ၅ ပါတီနဲ့ တိုင်းဒေသကြီး (သို့) ပြည်နယ်တခုအတွင်းမှာ စည်းရုံးမယ့် ပါတီ ၈ ပါတီ လျှောက်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်အင်အားအကြီးဆုံး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကတော့ စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင်ခြင်းဥပဒေနဲ့ ပတ်သက်ပြီး မှတ်ပုံတင်မတင်ကို ပါတီရဲ့ မြို့နယ်အလုပ်အမှုဆောင်နဲ့ ကော်မတီဝင်တွေရဲ့ သဘောထားမှတ်ချက်တွေကို ဖေဖော်ဝါရီ ၂၈ ရက်မှာ ပါတီဌာနချုပ်ကို ပေးပို့ကြဖို့ ‌ေတာင်းခံထားတယ်လို့ သိရပါတယ်။

နောက်ထပ် ရခိုင်အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ကတော့ ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်မပြိုင်ဖို့နဲ့ ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တဖက်မှာ ရက္ခိုင့်တပ်တော် (အေအေ) ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အခြေခံပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဖေဖော်ဝါရီ ၂၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီက အခုကျင်းပမယ့် ရွေးကောက်ပွဲကို အရင်အသုံးပြုခဲ့တဲ့ အနိုင်ရတဲ့ပါတီက အာဏာရယူတဲ့ (FTPT) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) စနစ်ကို အစားထိုးဖို့ ကြိုးစားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013