DVB Logo
Home
မြန်မာသတင်း
အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ကျပ်ဘီလီယံ ၁၀၀၀ ကျော် စစ်ကောင်စီ ရောင်းချ
DVB
·
February 28, 2023
အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ကျပ်ဘီလီယံ ၁၀၀၀ ကျော် စစ်ကောင်စီ ရောင်းချ
Donate to DVB

၂၀၂၃ ဖေဖော်ဝါရီလအတွင်းမှာ အစိုးရငွေတိုက်စာချုပ် ကျပ်သန်းပေါင်း ၅၆၁,၅၀၀ နဲ့ အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း ၄၆၀,၀၀၀ စုစုပေါင်း ကျပ်ဘီလီယံ ၁၀၂၀ကျော်ကို ဖေဖော်၀ါရီ ၁၄ ရက်နဲ့ ၂၂ ရက်တို့မှာ စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက စျေးပြိုင်စနစ်လေလံတင် ရောင်းချခဲ့ရာ ကျပ်ဘီလီယံ ၉၀၀ ကျော်ကို လေလံ အောင်မြင်ခဲ့တယ်လို့ ငွေတိုက်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂ နှစ် ၁၁လ ၃၀ ရက် သက်တမ်းရှိတဲ့ အစိုးရငွေတိုက်စာချုပ်အတွက် ကျပ်သန်းပေါင်း ၃၅၀၀၀၀ကျော် လေလံအောင်မြင်ခဲ့ပြီး၊ ၃ နှစ် ၂လ ၂၉ ရက် သက်တမ်းရှိတဲ့ အစိုးရ ငွေတိုက်စာချုပ်အတွက် ကျပ်သန်းပေါင်း ၁၀၀ ,၀၀၀၀ကျော် နဲ့ ၃နှစ် ၅လ ၃၀ရက် သက်တမ်း ရှိတဲ့ အစိုးရငွေတိုက်စာချုပ်အတွက် ကျပ်သန်းပေါင်း ၉၀,၀၀၀ ကျော် လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

အခြေခံအတိုးနှုန်း တစ်နှစ်ကို ၇ ဒသမ ၅ဝ ရာခိုင်နှုန်း နဲ့ ရောင်းချခဲ့ရာမှာ အနိမ့်ဆုံး ရနှုန်း ၈ ဒသမ ၄၀၀ ရာခိုင်နှုန်း နဲ့ အမြင့်ဆုံး ရနှုန်း ၈ ဒသမ ၅၀၀ရာခိုင်နှုန်း နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ် ။

စစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဌာရေး ဝန်ကြီးဌာနက  ၉၁ ရက်၊ ၁၈၂ ရက်နဲ့ ၃၆၄ ရက် သက်တမ်းရှိတဲ့ ငွေတိုက် လက်မှတ်တွေကို ကျပ်သန်းပေါင်း ၄၆၀,၀၀၀ အထိလေလံခေါ်ယူခဲ့ရာမှာ ၉၁ရက်သက်တမ်းအတွက် ကျပ်သန်းပေါင်း ၂၂၅,၉၁၀ ၊ ၁၈၂ ရက် သက်တမ်းရှိတဲ့ ငွေတိုက်လက်မှတ်အတွက် ကျပ်သန်းပေါင်း ၁၁၈,၀၀၀ ၊ ၃၆၄ရက်ရှိတဲ့ ငွေတိုက်လက်မှတ်အတွက် ကျပ်သန်းပေါင်း ၂၉.၅၀၀ လေလံအောင်မြင်ခဲ့တယ်လို့ ငွေတိုက်ဦးစီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ် ။

စစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေကို ဈေးပြိုင်စနစ်နဲ့ လစဉ်ရောင်းချနေတာဖြစ်ပြီး ဖေဖော်ဝါရီလမှာ ကြေညာချက် ၂ ကြိမ် ထုတ်ပြန်ပြီး လေလံခေါ်ယူခဲ့တာပါ။

မြန်မာနိုင်ငံမှာ အစိုးရငွေတိုက်စာချုပ်နဲ့ အစိုးရငွေတိုက်လက်မှတ်တွေ လေလံစနစ်နဲ့ ရောင်းချတာကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အစိုးရ ဘတ်ဂျတ်လိုငွေ ဖြည့်ဆည်းဖို့အတွက် အများပြည်သူနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်း တွေဆီ ထုတ်ဝေရောင်းချတာဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အတိုးနှုန်းပေးပြီး ကာလတို၊ကာလရှည် ချေးငွေတွေ ရယူတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရငွေတိုက်စာချူပ်နဲ့ ငွေတိုက်လက်မှတ်တွေကို ပုဂ္ဂလိက ဘဏ်တွေက အများဆုံး ဝယ်ယူနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘတ်ဂျတ်လိုငွေပြမှုက နှစ်စဉ် ဖြစ်ပေါ်နေတာဖြစ်ပြီးစစ်ကောင်စီ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက် တွေအရ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုရဲ့ စုစုပေါင်း လိုငွေကို ကျပ်၇,၃၉၉ ဒသမ ၃၈၆ ဘီလီယံ ခန့်မှန်းထားပြီး လိုငွေနဲ့ ဂျီဒီပီ အချိုးကို ၅ဒသမ ၉၇ရာခိုင်နှုန်း ခန့်မှန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013