DVB Logo
Home
မြန်မာသတင်း
“ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းလက်မှတ် ၁,၄၀၀ ကျော် ရောင်းချထားရ
DVB
·
February 24, 2023
“ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းလက်မှတ် ၁,၄၀၀ ကျော် ရောင်းချထားရ
Donate to DVB

တော်လှန်နယ်မြေတနေရာမှာ ဖွင့်လှစ်ထားတဲ့ “နွေဦးကျန်းမာ” ဆေးရုံမှာ လိုအပ်တဲ့ဆေးဝါးနဲ့ စက်ပစ္စည်း လိုအပ်ချက်တွေအတွက် “ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်း ရက်သတ္တပတ် ၂ ပတ်ကျော်အကြာမှာ လက်မှတ်စောင်ရေ ၁,၄၂၀ ရောင်းချနိုင်ခဲ့ပြီးဖြစ်ကာ ပြည်သူတွေအနေနဲ့ ဆက်လက်ပါဝင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။

နွေဦးကျန်းမာဆေးရုံကိုတော့ ဆေးတက္ကသိုလ် ၂၊ ရန်ကုန် ကျောင်းသားကော်မတီက ဦးဆောင်ကာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့ ဦးစီးဖွင့်လှစ်လိုက်တာဖြစ်ပြီး အတွင်းလူနာဌာန၊ ကလေးကုသဆောင်၊ ခွဲစိတ်ခန်းနဲ့ လူနာသယ်ယူပို့ဆောင်ရေး စနစ်တွေကို ပြင်ဆင်နေကာ လိုအပ်တဲ့ ဆေးဝါးနဲ့ စက်ပစ္စည်းတွေကိုလည်း တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

လတ်တလော လိုအပ်နေတဲ့ ဆေးဂိုဒေါင်ဖြည့်နိုင်ဖို့နဲ့ အရေးပေါ်စက်ပစ္စည်း ဝယ်ယူနိုင်ဖို့အတွက် “ကျန်းမာရှေ့ဆက် စစ်တပ်အမြစ်ဖြတ်” ကမ်ပိန်းကနေ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ရရှိနိုင်ဖို့ လျာထားပြီး လက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂၀,၀၀၀ နဲ့ နိုင်ငံတကာ သတ်မှတ်ငွေကြေးတွေအလိုက် ရောင်းချသွားမှာဖြစ်ကာ ပထမဆု - iPhone 14၊ ဒုတိယဆု - အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းခရီးစဉ် ကံထူးရှင် ၂ ယောက် (တော်လှန်ရေးကာလအလွန်)၊ တတိယဆု - Lančome Beauty Box or Blue Label၊ စတုတ္ထဆု - Versace Eros 100 ml ဆုမဲတွေ အသီးသီး သတ်မှတ်ထားပါတယ်။

“စခများကို နိုင်စေချင်ရင် မကူပါနဲ့။ မြို့ပြက အဆင်ပြေတဲ့ဘဝတွေနဲ့ အလှမ်းဝေးတဲ့ အသက်တွေ လျစ်လျူရှုနိုင်တယ်ဆို မကူပါနဲ့။ အနာဂတ်နဲ့ အိပ်မက်တွေ မရှိစေတော့ချင်ရင် မကူပါနဲ့။ အပြစ်မဲ့တဲ့ အသက်တွေ၊ အကျဉ်းစံရဲဘော်ရဲဘက်တွေအတွက် တာဝန်ရှိတယ်လို့ မခံစားရရင် မကူပါနဲ့။ ဒီအတိုင်း အဆင်ပြေကြတယ်ဆို မကူပါနဲ့။ ၂၀,၀၀၀ ကျပ်နဲ့ အသက်တချောင်းကို ကူနိုင်ခဲ့တာ ဂုဏ်ယူကြလိုက်ပါ တော်လှန်အမျိုးတို့ ခင်ဗျာ။”

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆရာဝန်၊ သူနာပြု စတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို လက်နက်အားကိုးဖြိုခွင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013