DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးမြို့နယ်တွင် ကျေးရွာရဲကင်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ
DVB
·
February 24, 2023
စဉ့်ကူးမြို့နယ်တွင်  ကျေးရွာရဲကင်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ ရဲကင်းစခန်းကို ‌ဖေဖော်ဝါရီ  ၂၂ ရက် နေ့လယ် ၂ နာရီကျော်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာလို့  ရဲ ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို စခန်းအဆောက်အဦတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့   ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ) ထံကသိရပါတယ်။

နှစ်ကြိမ် ဗုံးသီးကြဲချခဲ့သလို ရဲကင်းအတွင်းကနေ ပြန်လည်ပစ်ခတ်တာတွေ ရှိတယ်လို့ သိရပါတယ်။

ဗိုလ်လင်းယုန်က “ရွာသူရွာသားတွေနဲ့ အတွင်းထဲက အုပ်ကြီးတွေ ပြောနေတဲ့ စကားကတော့ပေါ့လေ၊ ရဲစခန်းက လက်နက်ကြီးစမ်းနေတာ၊ ကြောက်စရာမလိုဘူး၊ ဘာညာ အနေအထားနဲ့ သတင်းဖုံးထားတယ်ပေါ့။ အဲ့လိုအနေအထားမျိုးတွေတော့ ပျံ့နေတာပေါ့။ ဒါပေမဲ့ သူတို့လိမ်လို့တော့ မရဘူးပေါ့လေ။ ပြည်သူကတော့ သိပါတယ်။ ခေါင်မိုးတွေ ဘာတွေ လန်ထားတော့လေ၊ အကုန်ပျက်စီးတာတွေ ရှိနေတာဆိုတော့” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်က ပြည်သူတွေ ထိခိုက်မှုတော့ မရှိသလို ပူးပေါင်းတပ်ဖွဲ့တွေ အနေနဲ့လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရဲကင်းအနီးနေထိုင်တဲ့ နေအိမ်တချို့ကတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေတယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်ကောင်းကင်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၊ စဉ့်ကူးမြို့နယ်(ပ.က.ဖ)၊ ဧရာဝတီ ပျံလွှား၊ Sky Hero (Madaya)၊ ARDF တော်လှန်ရေးအင်အားစုနဲ့ Peacock Warrior Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013