DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အာဆာအဖွဲ့ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာကျောင်းသား ၂ ဦးဒဏ်ရာရ
DVB
·
February 23, 2023
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နှင့် အာဆာအဖွဲ့ တိုက်ပွဲဖြစ်၊ ရိုဟင်ဂျာကျောင်းသား ၂ ဦးဒဏ်ရာရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်ရှိ အမှတ် ၈ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထူးရဲတပ်ဖွဲ့ (RAB) နဲ့ အာဆာတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူတူပါလောင်ဒုက္ခသည်စခန်း တာဝန်ရှိသူက  ပြောပါတယ်။

“မနေ့က ၁၂ နာရီလောက်မှာ ဖြစ်ကြတာ။ Zero Line က အာဆာတပ်ဖွဲ့တွေ ကူတူပါလောင်စခန်းမှာ ပုန်းအောင်းနေတာကို (RAB) တပ်ဖွဲ့က ဝင်စီးတာကို အာဆာအဖွဲ့က ပြန်ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက် ဖြစ်ကြတယ်။ အဲဒီပစ်ခတ်မှုထဲမှာ ကျောင်းနေအရွယ် ကလေးနှစ်ဦး ကျည်ထိမှန်ပြီးတော့ ဒဏ်ရာရရှိသွားတယ်။”

အမှတ် ၈ ကူတူပါလောင်ဒုက္ခသည်စခန်းမှာ Zero Line ကနေ ထွက်ပြေးလာကြတဲ့ အာဆာတပ်ဖွဲ့တွေ ခိုလှုံနေတဲ့ သတင်းရလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rapid Action Battalion (RAB) ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေဖမ်းဆီးရာမှာ မိနစ် ၃၀ လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့​တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် မာမတ်အပ္ပဒုလ်အာဇိဇ် (အသက် ၈ နှစ်) ဟာ ညာဘက်ခြေထောက် ကျည်ထိမှန်သွားပြီး အုမ္မာလ်ဟာဖ့်ဆာ (အသက် ၁၁ နှစ်) ကတော့ ဘယ်ဘက်ဝမ်းဗိုက်မှာ ကျည်ထိမှန်ဒဏ်ရာ ရရှိသွားကာ ကော့ဇ်ဘဇားခရိုင်ရှိ ဆောဒေါရ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နယ်ခြားမှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ အာဆာအဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက်ညက ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ Rapid Action Battalion (RAB) တပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် အူခီယားမြို့နယ် အတွင်းရှိ ဘာလူခါလီဒုက္ခသည်စခန်း အမှတ် ၁၂ ရဲ့ စခန်းခေါင်းဆောင် ဦးအဒူရော်ဟိမ်ကို အာဆာအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာခေါင်းဆောင် ၃ ဦး အပါအဝင် လူ ၅ ဦးထက်မနည်းကို အာဆာအဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013