DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ နခွန်းပထုန်တွင် မြန်မာ အမ်အိုယူ အလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရ
DVB
·
February 23, 2023
ထိုင်းနိုင်ငံ နခွန်းပထုန်တွင် မြန်မာ အမ်အိုယူ အလုပ်သမား ၅၀ ကျော် အလုပ်ဖြုတ်ခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင်ထဲမှာ အမ်အိုယူ အလုပ်သမားကတ် ကိုင်ဆောင်တဲ့ မြန်မာလုပ်သားပေါင်း ၅၀ ကျော် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။အဆိုပါအလုပ်သမားတွေဟာ နခွန်းပထုန်မြို့ အိတ်အမျိုးမျိုးထုတ်လုပ်တဲ့ စက်ရုံကဖြစ်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေကြောင်း၊ အလုပ်သမားတွေက တောင်းဆိုတာကို မလိုက်လျောတဲ့အပြင် အလုပ်ပါအထုတ်ခံလိုက်ရတာလို့ AAC အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဆီမှာ လုပ်အားခ ပုံမှန်မရှင်းပေးတာ၊ အလုပ်ချိန် ပိုဆင်းရတာ၊ အများသူငါ အလုပ်ပိတ်ရက်မှာ အလုပ်ဆင်းရပေမဲ့ လုပ်အားခမရတဲ့သူတွေရှိတယ်။ အဲဒီလူတွေက တောင်းဆိုတော့ အလုပ်ဖြုတ်လိုက်တာ။ ကျန်တဲ့သူတွေက မကျေနပ်လို့ ဆန္ဒပြတောင်းဆိုတော့ အကုန်လုံးကို ဖြုတ်ပစ်လိုက်တဲ့သဘောပါ။”

ဒီကိစ္စကို အလုပ်သမားတွေက ပြီးခဲ့တဲ့ရက်ပိုင်းက လာရောက်တိုင်တန်းထားတဲ့အတွက် AAC အဖွဲ့၊ NUG ရွှေ့ပြောင်းအလုပ်သမားရေးရာနဲ့ LPN (The Labour Protection Network) အဖွဲ့တို့ ပူးပေါင်းပြီး သက်ဆိုင်ရာ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာနကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေဘက်က အဓိကတောင်းဆိုချက်မှာ အပြစ်မရှိဘဲ၊ ကြိုတင် အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရတဲ့အတွက် နစ်နာကြေး၊ ကြွင်းကျန်လုပ်အားခရရှိရေး၊ သိမ်းထားတဲ့ ပတ်စ်ပို့၊ အလုပ်သမားကတ်တွေ ပြန်ပေးပြီး အလုပ်ရှင် အပြောင်းအလဲ စာရွက်စာတမ်းတွေ လုပ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အလုပ်ရှင်ဘက်ကလည်း လာမယ့် ၂၇ ရက်နေ့မှာ အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းတွေ လုပ်ပေးမယ်လို့ ကတိပြုခဲ့ပြီး နောက်ထပ် ဥပဒေအရ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ အားလုံးကိုတော့ ရက်ပေါင်း ၉၀ အတွင်း ပြန်ရဖို့၊ အမှုပြီးပြတ်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ကိုရဲမင်းက ပြောပါတယ်။

လတ်တလော အမ်အိုယူ အလုပ်သမားတွေရဲ့ ပြဿနာ၊ အခက်အခဲတွေ လာရောက် တိုင်တန်းထားတာ နေ့စဉ်မပြတ်ရှိနေကြာင်း၊ အများဆုံးတွေ့ရတဲ့ပြဿနာမှာ ထိုင်းမှာ အလုပ်အကိုင် သေချာမရှိဘဲနဲ့ အေဂျင်စီတွေက ရှိတယ်လို့ လိမ်လည်ပြီး အလုပ်သမား အများအပြား တင်သွင်းလာကြောင်း၊ ဒီရောက်တော့ အလုပ်အကိုင်မရှိလို့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရကြောင်း၊ တချို့မှာ ၂ လ ၃ လထိ အလုပ်မရသေးဘဲ စောင့်ဆိုင်းနေရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

AAC အဖွဲ့ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေရာမှာ မနေ့ကလည်း မဟာချိုင်မြို့ ဝပ်ခွပ်ခန် စီဖန်ဟောက်က မတရားအလုပ်ဖြုတ်ခံရတဲ့ မြန်မာလုပ်သား ၁၃ ဦးအတွက် နစ်နာကြေးရော ကြိုတင်ကောက်ထားတဲ့ ပန်းရောင် နေထိုင်ခွင့် အထောက်အထားဖိုးတွေ အတွက်ပါ စုစုပေါင်း ဘတ် ၂၈၆,၀၀၀ ပြန်တောင်းပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013