DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံ၊ နှစ်နိုင်ငံသဘောတူစာချုပ် ၁၀ ခု ချုပ်ဆို
DVB
·
February 27, 2020
သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံ၊ နှစ်နိုင်ငံသဘောတူစာချုပ် ၁၀ ခု ချုပ်ဆို
Donate to DVB

အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘက်ဒ် အစိုးရအိမ်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးကြပါတယ်။ 

မြန်မာသမ္မတရဲ့ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (အမ်အိုယူ)  ၅ ခုနဲ့ စီမံကိန်းသဘောတူညီချက် ၅ ခု စုစုပေါင်း ၁၀ ခုကို နှစ်နိုင်ငံသံအမတ်ကြီးတွေအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့  အိန္ဒိယနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမ်အိုယူစာချုပ်တွေထဲမှာ  လူကုန်ကူးမှုတားဆီးရေး၊ သစ်၊ ကျားနဲ့ သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုနှိမ်နင်းရေး၊ ရေနံထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ဆေးသုတေသန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ပါဝင်သလို ရခိုင်ပြည်နယ်အတွင်း လမ်းတံတား၊ မူကြိုကျောင်းနဲ့ ဆေးရုံတွေမှာဆောင်ရွက်မယ့်စီမံကိန်းတွေကိုလည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ 

မြန်မာသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ 

မြန်မာသမ္မတနဲ့ ဇနီး ဒေါ်ချိချိုတို့ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မဟတ္တမဂန္ဒီ အထိမ်းအမှတ်နေရာကိုလည်း သွားရောက်ဂါရဝပြုခဲ့သလို  ဗုဒ္ဓဂါယာနဲ့ တပ်ချ်မဟာတို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။

ဓာတ်ပုံ- MEA India

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013