DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်၊ ဘာလူခါလီဒုက္ခသည်စခန်း ခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ
DVB
·
February 22, 2023
ဘင်္ဂလားဒေ့ရှ်၊ ဘာလူခါလီဒုက္ခသည်စခန်း ခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူခီယားမြို့နယ်အတွင်းရှိ ဘာလူခါလီဒုက္ခသည်စခန်း အမှတ် ၁၂ ရဲ့ စခန်းခေါင်းဆောင်တယောက်ကို အာဆာအဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားခဲ့တယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၃၇ နှစ် အရွယ် ဦးအဒူရော်ဟိမ်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်က  ဘာလူခါလီဒုက္ခသည်စခန်းအတွင်းရှိ လမ်းပေါ်မှာသွားနေစဉ် ပစ်သတ်ခံရတာဖြစ်ပါတယ်။

ဘာလူခါလီဒုက္ခသည်စခန်းနေ ဒုက္ခသည်တဦးက “အာဆာအဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးသွားခဲ့ရတာ။ အဲဒီနေ့ မနက်ပိုင်း ၁၂ နာရီဝန်းကျင်လောက်မှာ လက်ဖက်ရည်ဆိုင်ကနေ စခန်းအတွင်းမှာရှိတဲ့ စခန်းတာဝန်ခံရုံး (CIC) ကိုသွားတဲ့အချိန် လမ်းမှာပစ်သတ်ခံလိုက်ရတာ” လို့ ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရပြီးနောက် ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ သတိလစ်နေတဲ့ စခန်းခေါင်းဆောင် ဦးအဒူရော်ဟိမ်ကို စခန်းအမှတ် ၈-E မှာ ရှိတဲ့ ပြင်သစ် MSF ဆေးခန်းသို့ ပို့ပေးပြီးနောက် ကော့ဇ်ဘဇားဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပေမဲ့ သေဆုံးသွားခဲ့ရတယ်လို့ မျက်မြင်ဒုက္ခသည်တွေက ပြောပါတယ်။

ဦးအဒူရော်ဟိမ်ကို  အာဆာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာဖြစ်ပြီး  ဘာကြောင့် ပစ်ခတ်တယ်ဆိုတာမသိရသေးလို အာဆာအဖွဲ့ကလည်း သူတို့လက်ချက်ကို ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တဦးက "သူ့ကိုသေနတ်နဲ့ပစ်တာ လူငါးဦးပါဝင်တယ်။ လက်နက်ငယ်နဲ့ပစ်တယ်။ ဦးခေါင်းကိုထိသွတာ။ သူတို့က အာဆာအ ဖွဲ့ဝင်တွေလို့သိရတယ်” လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့  ၃၅ အကြား Zero Line အနီးရှိဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ အာဆာအဖွဲ့ဝင် ၄၀ လောက်ကို  ဇန်နဝါရီ ၁၈ ရက်ညက ဘင်္ဂလားအစိုးရရဲ့ Rapid Action Battalion(RAB) တပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာ အာဆာအဖွဲ့ဝင် ၄၀ နီးပါးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်ခေါင်းဆောင် ၃ ဦးအပါအဝင် လူ ၅ ဦးထက်မနည်း အာဆာအဖွဲ့ရဲ့ သတ်ဖြတ်တာခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သတင်းအချက်အလက် အရသိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013