DVB Logo
Home
မြန်မာသတင်း
ငဖဲမြို့တွင် ၅,၀၀၀ တန် ငွေစက္ကူအတုများနှင့် အမျိုးသား ၁ ဦး ဖမ်းမိ
DVB
·
February 21, 2023
ငဖဲမြို့တွင် ၅,၀၀၀ တန် ငွေစက္ကူအတုများနှင့် အမျိုးသား ၁ ဦး ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီက အမျိုးသားတဦးကို ၅,၀၀၀ တန် ငွေစက္ကူအတု အရွက်ရေ ၁ ထောင်နီးပါးနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်ကနေ စစ်တွေကို မောင်းလာတဲ့ ရွှေပြည်သစ် ခရီးသည်တင်ယာဥ်ကို စစ်ဆေးရာ လိုက်ပါလာသူ အမျိုးသားတဦးဆီကနေ ၅,၀၀၀ တန် ငွေစက္ကူအတု အရွက်ရေ ၁ ထောင်နီးပါးကို ဖမ်းဆီးရမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူက ထိုးမုန့်ဘူးတွေထဲမှာ ထည့်လာတာ။ ထိုးမုန့်ဘူးတွေထဲမှာ ၅,၀၀၀ တန်အတု ဆယ်အုပ်ပါတယ်။ အားလုံးပေါင်း အရွက်တထောင်၊ သိန်းငါးဆယ်ပေါ့။”

ငွေစက္ကူအတု လက်ဝယ်ကိုင်ဆောင်ထားသူ အမျိုးသားကို ပူးပေါင်းစစ်ဆေးရေးဂိတ်မှ ငဖဲမြို့မရဲစခန်းကို ခေါ်ဆောင်သွားပြီး နိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့် စစ်ဆေးအရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်မှာ အမျိုးသားသမီးငယ်တဦး wave money ဆိုင်မှာ ငွေလာလွှဲရင်း ၁၀,၀၀၀ တန်အတု ၂၆ ရွက်ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ် ရှိပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်ကလည်း အောင်မင်္ဂလာအဝေးပြေးအနီးမှာ ၁၀,၀၀၀ တန်ငွေစက္ကူ အတု ၅၃ သိန်းကို ၁၇ သိန်းနဲ့ ဝယ်ယူသုံးစွဲသူ ၃ ဦးကို ၁၀,၀၀၀ တန် ၃၃၄ ရွက်နဲ့အတူ တောင်ကုတ်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013