DVB Logo
Home
မြန်မာသတင်း
KBZ pay မှငွေများလိမ်ထုတ်သူ နိုင်ဂျီးရီးယား ၅ ဦးနှင့် မြန်မာ ၆ ဦးကို ဖမ်းဆီး
DVB
·
February 21, 2023
KBZ pay မှငွေများလိမ်ထုတ်သူ နိုင်ဂျီးရီးယား ၅ ဦးနှင့် မြန်မာ ၆ ဦးကို ဖမ်းဆီး
1 / 2
Donate to DVB

ကမ္ဘောဇဘဏ်အကောင့်တွေထဲက ငွေတွေကို လိမ်လည်ထုတ်ယူသွားတဲ့ နိုင်ဂျီးရီးယား နိုင်ငံသား ၅ ယောက်နဲ့ မြန်မာ ၆ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်နေ အမျိုးသမီး တယောက်က သူ့ရဲ့ ကမ္ဘောဇဘဏ်အကောင့်ထဲက ငွေကျပ် သိန်း ၁၀၂၀၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ကမာရွတ်မြို့နယ်နေ အမျိုးသမီး တယောက်က သူ့ရဲ့ ကမ္ဘောဇ ဘဏ်အကောင့်ထဲက ငွေကျပ် သိန်း ၃၇၀ ကို လိမ်လည်ထုတ်ယူခံရတယ်လို့ ရဲစခန်းတွေမှာ အမှုဖွင့်တိုင်ကြားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အထူးအမှုစစ်အဖွဲ့ ဖွဲ့ပြီး သက်ဆိုင်ရာဘဏ်နဲ့ပူးပေါင်းစုံစမ်းတဲ့အခါ ငွေတွေလွှဲပြောင်းသွားခဲ့တဲ့ ဘဏ်အကောင့်ပိုင်ရှင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေက သူတို့ဟာ ဘဏ်အကောင့်တွေဖွင့်ပြီး တခုစီကို ငွေတသောင်းနဲ့ ရောင်းခဲ့တာလို့ ထွက်ဆိုကြပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ငွေကြေးလိမ်လည် ထုတ်သူတွေဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသား လင်မယားကို သန်လျင်မြို့နယ်၊ Star City အိမ်ရာမှာ သက်သေခံတွေနဲ့အတူ ဖမ်းမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သူတို့ကတဆင့် ငွေကြေးလိမ်လည်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ နိုင်ဂျီးရီးယား နိုင်ငံသား ၃ ယောက်ကိုလည်း Star City အိမ်ရာမှာ ထပ်ဖမ်းမိတယ်လို့လည်း ဆိုပါတယ်။

သူတို့ကို စစ်ဆေးချက်တွေအရ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ ပေ့ဂျ်တွေကနေ KBZ Pay Level အဆင့်မြှင့်ပေးမယ်ဆိုတဲ့ ပို့စ်တွေတင်တာ၊ ဖုန်းနံပါတ်တွေကို KBZ Pay Application မှာ စစ်ဆေးကြည့်ပြီး အကောင့်ဖွင့်ထားတယ်ဆိုရင် ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး ဆက်သယ်တာ၊ KBZ Bank Email Account အတုတွေနဲ့ဆက်သွယ်တာစတဲ့ နည်းလမ်းတွေနဲ့ လိမ်လည်ခံရမယ့်သူတွေကို ရှာဖွေကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် လိမ်လည်ခံရမယ့်သူရဲ့ ဖုန်းနံပါတ်နဲ့ KBZ Pay Application မှာ Login ဝင်ထားချိန်မှာ လိမ်လည်ခံရမယ့်သူကို ဆက်သွယ်ပြီး သူ့ဖုန်းထဲကို ရောက်လာတဲ့ တခါသုံးကုဒ်နံပါတ်ကို တောင်းတယ်လို့ ဆိုပါတယ်။ အဲဒီနံပါတ်ကို ထည့်သွင်း လိုက်ရင်တော့ လိမ်လည်ခံရမယ့်သူရဲ့ ဘဏ်အကောင့်ကို လိမ်လည်မယ့်သူတွေက ထိန်းချုပ်နိုင်သွားပြီ ဖြစ်ပါတယ်။

ပြီးတော့ အဲဒီ ဘဏ်အကောင့်တွေထဲကနေ လိမ်လည်သူတွေဝယ်ထားတဲ့ အကောင့်တွေထဲကို ငွေလွှဲပြောင်းယူတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရထားတဲ့တရားခံတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပြီး မြန်မာနိုင်ငံပြင်ပကိုရောက်နေတဲ့ ပူးပေါင်းပါဝင်ကျူးလွန်သူ တရားခံတွေကိုလည်း နိုင်ငံတကာရဲအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013