DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံရ
DVB
·
February 20, 2023
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကန်ချနဘူရီမြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈ ဦးနဲ့ ကားနဲ့လာခေါ်သူ မြန်မာအမျိုးသား ၁ ဦးတို့ကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေက ကော့သောင်းဘက်က ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းခရိုင်၊ ကန်ချနဘူရီမြို့နယ်၊ မယ်မုကျေးရွာမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း ရနောင်းကမ်းစပ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းတပ်မတော်သားတွေက စက်လှေသံကြားတဲ့အတွက် စောင့်ကြည့်ရာက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကမ်းစပ်ကနေတဆင့် လာကြိုတဲ့ ပစ်ကပ်ကားပေါ်ကို တက်နေတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ ကယ်ရီသမား လာကြိုသူ စုစုပေါင်း ၉ ဦးဖြစ်ပြီး အဆိုပါ မြန်မာနိုင်ငံသားတွေက မော်လမြိုင်မြို့ကနေ လာရောက်တာဖြစ်ပါတယ်။ သူတို့ဟ ထိုင်းနိုင်ငံ၊ ဖူးကက်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီလို ဝင်ရောက်လာတဲ့အတွက် ပွဲစားခအဖြစ် ၁ ဦးကို ထိုင်းဘတ်ငွေ ၁၅,၀၀၀ ပေးချေခဲ့ရတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံဥပဒေအရ အရေးယူဖို့ ရနောင်းခရိုင် ပေါက်ကျန်ရဲစခန်းကို ပို့ဆောင်ထားပါတယ်။

ရနောင်းမြို့မှာ မကြာသေးမီကပဲ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး အခု ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ တရားမဝင် အထောက်အထားမဲ့ဝင်ရောက်သူ မြန်မာနိုင်ငံသား ၈၀ ကျော်ရှိပြီလို့ စာရင်းကောက်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013