DVB Logo
Home
မြန်မာသတင်း
ပညာရေးဝန်ထမ်း ၂၂၀၀ ကျော်ကို စစ်ကောင်စီက ရာထူးတိုးပေးမည်
DVB
·
February 18, 2023
ပညာရေးဝန်ထမ်း ၂၂၀၀ ကျော်ကို စစ်ကောင်စီက ရာထူးတိုးပေးမည်
Donate to DVB

မြန်မာနိုင်ငံတဝန်းတာဝန်ထမ်းဆောင်နေကြတဲ့  Non-CDM ပညာရေးဝန်ထမ်း ၂၂၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ ရာထူးဝန်အဖွဲ့ရဲ့အတည်ပြုချက်အရ  ရာထူးတိုးပေးဖို့ရှိနေတယ်လို့ ပညာရေးဝန်ထမ်းအသိုက်အဝန်းကနေ သိရပါတယ်။

အခု ဖေဖော်ဝါရီ  ၁၅ ရက်နေ့မှာကျင်းပခဲ့တဲ့ ရာထူးဝန်အစည်းအဝေးမှာ ဝန်ကြီးဌာန ၄ ခုက ပေးပို့လိုက်တဲ့ ရာထူးတိုးမြှင့်ပေးဖို့ အဆိုပြုချက်ပါ ဝန်ထမ်း ၂၃၄၉ ဦးကို ရာထူးတိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။

အဲ့ဒီလို ရာထူးတိုးမြှင့်ပေးဖို့အဆိုပြုခဲ့တဲ့ ဝန်ထမ်း ၂၃၄၉ ဦးထဲမှာ အခြေခံပညာဦးစီးဌာနက ပညာရေးဝန်ထမ်း ၂၂၈၂ ဦးထိ ပါဝင်နေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ထမ်း ၁၀၄ ဦးလည်းပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက အခုလို အရေအတွက်ထောင်ချီပြီး ရာထူးတိုးပေးဖို့ အဆိုပြုခဲ့ရတာဟာ လစ်လပ်နေရာတွေများပြားနေတာကြောင့် အဆိုပြုခဲ့ရတာလို့ ပညာရေးဌာနက အရာရှိတဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းတော်တော်များများဟာ CDM ပြုလုပ်ခဲ့တာကြောင့် ဌာနအသီးသီးမှာလစ်လပ်နေရာတွေများပြားခဲ့ပြီး စစ်ကောင်စီက ဌာနတွေပြန်လည် လည်ပတ်နိုင်ဖို့ အရင်ကထက်လျော့နည်းတဲ့သတ်မှတ်ချက်တွေနဲ့ ခေါ်ယူဖြည့်တင်းခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013