DVB Logo
Home
မြန်မာသတင်း
မြန်မာပို့ကုန်ယာဉ်မောင်းများကို တရုတ်နိုင်ငံ ဝမ်တိန်ထဲ ဝင်ခွင့်ပြုမည်
DVB
·
February 17, 2023
မြန်မာပို့ကုန်ယာဉ်မောင်းများကို တရုတ်နိုင်ငံ ဝမ်တိန်ထဲ ဝင်ခွင့်ပြုမည်
Donate to DVB

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံ အဓိကကုန်သွယ်ရာ ကျင်စန်းကျော့-ဝမ်တိန် နယ်စပ်ဂိတ်မှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မြန်မာဘက်ခြမ်းက နယ်စပ်ပို့ကုန် ယာဉ်မောင်းတွေ တရုတ်ဘက်ခြမ်း ဝမ်တိန်ထဲ စတင်ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ပြန်စာနဲ့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“နယ်စပ်ဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် ရှိထားတဲ့သူတွေ ကုန်တင်ယာဉ်မောင်း တယောက်နဲ့ ယာဉ်နောက်လိုက်တယောက် ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မြန်မာဘက်ခြမ်း ကျင်စန်းကျော့၊ လွယ်အင် နယ်စပ်ကနေ တရုတ်ဘက် ဝမ်တိန်ထဲ ဝင်လို့ရပြီ” လို့ နယ်စပ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာတော့ နယ်ခြားဖြတ်ကျော်ခွင့် (Border Pass – BP) စာအုပ် အနီကို မူဆယ်မြို့နယ် အိမ်ထောင်စုရှိသူတွေကိုသာ ထုတ်ပေးနေသေးတာကြောင့် တခြားပြည်နယ်တွေနဲ့ မြို့တွေထဲက ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေ အနေနဲ့တော့ ဝင်လို့ရသေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပို့ကုန်လုပ်ငန်းရှင် တဦးကလည်း “မူဆယ်အိမ်ထောင်စုရှိတဲ့ ကားသမား၊ စပယ်ယာတွေပဲ ရဦးမှာ ဟုတ်တယ်” လို့ ပြောပါတယ်။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုအတွက် အကောက်ခွန်ရှင်းလင်းရေး အဆင်ပြေ ချောမွေ့စေဖို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး တရုတ်၊ မြန်မာ ကုန်စည်ပို့ဆောင်ရေး ယာဉ်တွေအနေနဲ့ ကုန်တင်ယာဉ်တစီးလျှင် လူ ၂ ဦး (ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်) ကို ဝမ်တိန်၊ မန်မန်းလမ်းကြောင်းကနေ တရုတ်ဘက် ဝင်၊ ထွက်ခွင့် ပြုပြီဖြစ်ကြောင်း ရွှေလီမြို့ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးကနေ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မြန်မာဘက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးရုံး ပို့ထားတဲ့ အသိပေး အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီစာမှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အနေနဲ့ သက်ဆိုင်ရာ တရုတ်အကောက်ခွန်နဲ့ နယ်စပ်စစ်ဆေးရေး လုပ်ထုံးလုပ်နည်း‌ေတွအတိုင်း ပြန်လည်စတင်မှာဖြစ်တယ်လို့ ပါရှိပါတယ်။

မန္တလေး-ကျင်စန်းကျော့ ကုန်တင်ယာဉ်မောင်းတဦးက “အဲဒီ ရောဂါမဖြစ်ခင်တုန်းက စပယ်ယာ၊ ဒရိုင်ဘာ ဝင်လို့ရတယ်လေ။ တခြားခရီးသည် ပါလို့မရဘူး၊ ၂ ယောက်ပဲ” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလ မတိုင်ခင်က မူဆယ်နယ်စပ်ကနေ တရုတ်ဘက်ခြမ်း နယ်စပ်ထဲ ကားတစီးကို မြန်မာယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁ ဦးစီ ပုံမှန်ဝင်ခွင့်ပြုခဲ့ရာက ကိုဗစ်ကပ်ရောဂါကြောင့် ယာဉ်တွေကိုပါ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့တာဖြစ်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ မြန်မာကုန်တင်ကားတွေကို တရုတ်ဘက်နယ်စပ်ထဲ ပြန်လည်ဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013